2.12

16K 1.7K 15
                                    

Zawgyi

ဒန်နီရယ် က အန်ဒီ ကိုပြန်လှည့်ကြည့်လိုက်သည်။ အန်ဒီ ရဲ့မျက်နှာအမူအရာကို တွေ့လိုက်သည့်အခါ အေးခဲသွားသည်။ အန်ဒီ ရဲ့မျက်နှာ အမူအရာတွေက ဘာကိုဖော်ပြနေတာလဲ?

အဲ့ဒါက နောင်တတွေ အပြည့်နဲ့ ဒါပေမဲ့ စိတ်ရှုပ်ထွေးနေတာလဲ ပါသည်။ အန်ဒီ ရဲ့မျက်လုံးထဲမှ နာကျင်မှုတွေကို ကြည့်ရင်း ဒန်နီရယ် ကသူ့လက်ကို ကြည့်လိုက်သည်။ ထိုလက်တွေမှာ အဖြူရောင် လက်အိတ်တွေက ဖုံးအုပ်ထားတာကို တွေ့လိုက်ပြီး ဒန်နီရယ် ကဆွဲလိုက်ပြီး သူ့မျက်နှာနားကို ကပ်လိုက်သည်။

“အန်ဒီဂျူလီ၊ ငါ့ကိုပြောပါ၊ မင်းလက်တွေကို ဘာလို့ ဖုံးထားတာလဲ? ဒီနှစ်တွေအားလုံးမှာ တကယ်ပဲ မင်းက ဘယ်သူလဲဆိုတာကို ငါ့ကို ဘာကြောင့် မပြောတာလဲ? ငါသိခဲ့ရင် ငါမလုပ်.... ငါ မင်းရဲ့ညီနဲ့ အတူရှိနေမှာ မဟုတ်ဘူး ..... ငါ မင်းသယ်ထားရတဲ့ တာဝန်တွေကို တစ်ယောက်ထဲ သယ်ခွင့်ပြုမှာ မဟုတ်ဘူး၊ ငါမင်းကိုပဲ ရွေးချယ်ပြီး မင်းအနားမှာပဲ နေခဲ့မှာ၊ မင်း အမြဲမရပ်တန့်ခဲ့ပဲ ရှေ့ကိုပဲသွားပြီး မင်းဘယ်သူလဲဆိုတာ ဘာကြောင့် ငါ့ကို မပြောတာလဲ?”

ဒန်နီရယ် က အန်ဒီ ကိုနီရဲနေတဲ့ မျက်လုံး‌တွေနဲ့ ကြည့်လိုက်ပြီး သူတို့သည် စိုစွတ်နေတဲ့ အရိပ်အယောင်တွေကို မြင်‌နေရသည်။ နောက်ပြီး သူ့အမူအရာမှ နောင်တရနေတာကိုလည်း တွေ့ရသည်။ အန်ဒီ က ဒန်နီရယ် ရဲ့မျက်ရည်တွေနဲ့ အမူအရာကို ကြည့်ပြီး သူ့နှလုံးသားက တင်းကြပ်သွားလေသည်။

“ငါ .... ငါ မင်းရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးချင်လို့ ...” အန်ဒီ ကထိုစကားကိုပြောပြီး အဝေးကို ကြည့်လိုက်ပြီး သူ့ခေါင်းထဲ ရှုပ်ထွေးသွားပြီး သူ့စိတ်ကို အေးဆေးတည်ငြိမ်သွားအောင် မလုပ်နိုင်ပေ။

အဲ့ဒါက အရေးမကြီးဘူး၊ သူ ဘာကိုတွေ့လိုက်တာလဲ.... အခုလေးတင်, လက်ရှိမှာ ဘာတွေ ဖြစ်သွားတာလဲ။ သူ့တာဝန်တွေကို အောင်မြင်ဖို့နဲ့ အဲ့လိုလုပ်ဖို့ သူလိုအပ်သည်။

ဒန်နီရယ် ကအေးခဲပြီး အန်ဒီ ရဲ့အေးစက်နေတဲ့ အသွင်အပြင်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို တွေ့လိုက်သည်။ သူ့မျက်လုံးတွေက ရိုးသားပြီး သူဘယ်လောက် နာကျင်မှုတွေကို ဖြတ်ကျော်ခဲ့ရလဲဆိုတာကို ပြသနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now