7.28.5

2.5K 237 6
                                    

Unicode

လုဖန်မိန် ကအေးခဲသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

မဟုတ်ဘူး... သူဘာတွေ လုပ်လိုက်မိတာလဲ? သူ့မျက်လုံးတွေက ဝမ်းနည်းမှုတွေ ပြည့်နှက်နေရင်း တန်ချင်းရှန် ကသွေးတွေစီးကျနေသည့် နှုတ်ခမ်းနဲ့ ပြုံးပြလာတာကို ကြည့်လိုက်သည်။

သူက နှလုံးတွင်စိုက်ဝင်နေသည့် လုဖန်မိန် ရဲ့ဓားကို ကိုင်ထားသည်။ သူ့နှလုံးသားက နာကျင်သွားပြီး အမူအရာပျက်ယွင်းသွားကာ ငိုကြွေးလိုက်သည်။ မဟုတ်ဘူး၊ သူ့လက်တွေနဲ့ သူချစ်တဲ့လူကို ဒီလိုဖြစ်‌ေအာင် လုပ်မိသွားတယ်။

“ဖန်...မိန်၊ မင်းဓားကို ဆွဲနှုတ်လိုက်။ အဆင်ပြေပါတယ်၊ မနာပါဘူး” တန်ချင်းရှန် ကတဖြည်းဖြည်း ပြောလိုက်ရင်း လုဖန်မိန် ရဲ့မျက်နှာက ပျက်ယွင်းနေတာကို သတိပြုမိသွားသည်။ သူ့အသက်က ဆုံးရှုံးတော့မှာ မဟုတ်သလိုမျိုး သူ့အသံက တည်ငြိမ်နေသည်။

သို့သော် လုဖန်မိန် ကမလှုပ်ရှားနိုင်ပဲ ထိတ်လန့်နေသည်။ သူ့စိတ်တွေက ဝေဝါးနေပြီး သူလုပ်ခဲ့တာကို မယုံကြည်နိုင် ဖြစ်နေသည်။ လုဖန်မိန် ကထိတ်လန့်နေတာကို မြင်လိုက်ပြီး တန်ချင်းရှန် ကဓားကိုကိုင်ထားပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ကာ သူ့လက်မှလည်း သွေးတွေက စီးကျနေသည်။

ထိုအရာကြောင့် နောက်ဆုံးတွင် လုဖန်မိန် ကသတိဝင်လာခဲ့သည်။ လုဖန်မိန် ရဲ့လက်တွေက လဲပြိုလာသည့် တန်ချင်းရှန် ရဲ့ခန္ဓာကိုယ်ကို ဖမ်းလိုက်သည်။ သူ့ဒဏ်ရာမှ သွေးတွေက သံချပ်ကာကနေ စီးကျနေသည်။

“ကျွန်တော်... ကျွန်တော် မရည်ရွယ်ပါဘူး၊ ကျွန်တော် ချင်းရှန် ကိုမသတ်ချင်ပါဘူး!” သူ့အသံက လျင်မြန်စွာ ထွက်ပေါ်လာပြီး နာကျင်မှုတွေ ပြည့်နေသည်။

“ရှူး၊ မင်း.. အမှား မဟုတ်ပါဘူး၊ ဖန်မိန်” တန်ချင်းရှန် ရဲ့အသံက အတော်လေးကို အေးဆေးနေပြီး လုဖန်မိန် ရဲ့မျက်လုံးတွေကို ကြည့်ရင်း ပြုံးလိုက်သည်။ ဒီအရာက သူတို့မလွတ်မြောက်နိုင်တဲ့ အဆုံးသတ်ပဲ။ ဘာတွေပဲဖြစ်ဖြစ်၊ သူတို့ထဲက တစ်ယောက်ကတော့ သေဆုံးရလိမ့်မည်။ အဆုံးသတ်က ဒီလိုဆိုရင် သေရမဲ့တစ်ယောက်က သူပဲဖြစ်လိုက်မည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now