6.10

2.9K 424 6
                                    

Unicode

ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်ဇူဟေး စိတ်သက်သာစွာဖြင့် ပြုံးလိုက်သည်။ သူဖြတ်ကျော်နိုင်လား၊ မကျော်နိုင်ဘူးလားဆိုတာကို မသိပေမဲ့ အနည်းဆုံးတော့ ချန်းရှုဂျင်း ကခွင့်ပြုပေးခဲ့သည်။

ဝမ်ဇူဟေး ရဲ့သေးငယ်တဲ့ အပြုအမူလေးကို မြင်လိုက်ချိန်တွင် ချန်းရှုဂျင်း မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

“ဒီမှာ” ထို့နောက်၊ သူက ဝမ်ဇူဟေး ဆီကို စာရွက်လေးကို ကမ်းလိုက်သည်။ ဝမ်ဇူဟေး ကယူလိုက်ပြီး ပထမဆုံး စာကြောင်းကို ဖတ်လိုက်ပြီး အံ့ဩထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

“ရှုဂျင်း လူသားမြို့တော်ဆီကို ဝင်ချင်တာလား?” ချန်းရှုဂျင်း ခေါင်းညိတ်လိုက်သည်။

“အာချင် မြို့တော်ရဲ့ ဂျင်ဘမ်း မှာဆွဲထုတ်စရာ ကြိုးတွေရှိနိုင်တယ်။ မင်းလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ထိပ်ဆုံးကို ရောက်ဖို့ဆိုရင် အရင်ဆုံး အာချင် ကိုကြည့်ကြည့်ဖို့ လိုလိမ့်မယ်။ ငါတို့နဲ့အတူ ကူညီပေးမဲ့ သွေးစုပ်ဖုတ်ကောင်တွေလည်း မြို့တော်ထဲမှာ ရှိတယ်”

ထိုစကားကို ကြားလိုက်ပြီး ဝမ်ဇူဟေး ကတခြား ဘာကိုမှ မပြောတော့ပဲ ချန်းရှုဂျင်း ဘာကိုပြောချင်နေလဲဆိုတာကို နားလည်ဖို့အတွက် စာကြောင်းတွေကိုသာ ဂရုတစိုက်ဖတ်လိုက်သည်။

ပထမဆုံး အကြောင်းကတော့ သူ့နာမည်ပဲ။ သူက ချန်းရှုဂျင်း ရဲ့ဝမ်းကွဲအနေနဲ့ ပါဝင်ရမည်။ သူ့နောက်ခံကတော့ အာချင် မြို့တော်ရဲ့ ချမ်းသာပြီး အထက်တန်းမြင့်သည့် မိသားစုအဖြစ် ဖန်တီးထားသည်။

ပထမတော့ သူနာမည်ကတူတူပဲ။ သူက AUS တွင်နေထိုင်ခဲ့ပြီး မကြာသေးခင်ကမှ အာချင် ကိုပြန်လာခဲ့တာ ဖြစ်သည်။ အခြေခံအားဖြင့် သူအများကြီးကို လိုက်ကြည့်ဖို့ မလိုအပ်ပေမဲ့ အနည်းဆုံးတော့ သူ့နာမည်ကိုတော့ သိသင့်တယ်မလား?

ထိုအရာအတွက် ချန်းရှုဂျင်း ကအချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သလို ချန်းရှုဂျင်း နာမည်နဲ့ ဝမ်ဇူဟေး တို့အား လူအများအပြားက သိနေခဲ့ပြီးဖြစ်သည်။ ထို့နောက် သွေးစုပ်ဖုတ်ကောင် အများအပြားကလည်း ချမ်းသာသည့် မိသားစုတွေအဖြစ် ဆက်နွယ်ပြီးဖြစ်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now