12...

905 130 6
                                    

Unicode

“ဆရာ၊ ကျွန်တော် လုံဝမ် နဲ့အတူ လော့ရန် ကိုသွားပြီး တာဝန်တစ်ခု အဆုံးသတ်ချင်တယ်” ဖေးချန်းချီ ကရှင်းပြလိုက်သည်။

ဇူးလုံဝမ် ကသူ့အနောက်တွင် ရပ်နေပြီး ရှောင်ပိုင် ကိုကိုင်ထားခဲ့သည်။ ဖေးရှန့် က ဖေးချန်းချီ ကိုလှည့်ကြည့်လိုက်သည်။ သူက အရင်ကအတိုင်းပင် ဖေးရှန့် ကလည်း အရင်ကအတိုင်း ငယ်ရွယ်နေတုန်းပင်။ အခုချိန်တော့ သူ့စိတ်အခြေအနေက ပွင့်ထွက်လာခဲ့ပြီး သူ့အရင်က ပုံစံနဲ့ ကွဲပြားနေခဲ့သည်။

ထျန်စီချန်း ကသူတို့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “သွား၊ မင်းတို့က မသေမျိုးတွေ ဖြစ်နေကြပြီပဲ။ မင်းတို့ လိုချင်ရင် မသေမျိုး ဖြစ်လာတည်းက ဒီတောင်ကြားကနေတောင် ထွက်သွားနိုင်တယ်။ ဟွားရန် နဲ့ မန်ရှု တို့ကလည်း တက်ရောက်ပြီးကြပြီ။ အခုတော့ ကျန့်ဇိုက်ဖန် နဲ့ ကျန့်ဘင်မေ့ တို့ပဲ တက်ရောက်ဖို့ တန့်နေတော့တာ။ ချီမိုင်ယောင် ကဟင်းလင်းပြင် အဆင့်ကို ချိုးဖျက်ဖို့ ခက်ခဲနေတာလောက် ရှိပေမဲ့ မကြာခင် သူမလည်း တက်ရောက်နိုင်လိမ့်မယ်။ ဖေးရှန့် တောင်မှ လျင်လျင်မြန်မြန် အမှီလိုက်နိုင်ခဲ့တယ်”

ဖေးချန်းချီ ကထိုစကားကို ကြားလိုက်ကာ ပြုံးလိုက်ရင်း ဖေးရှန့် ကိုကြည့်လိုက်သည်။ အနက်ရောင် ဝတ်ထားသည့် လူငယ်လေးက အရင်ကအတိုင်းပင် တင်းမာသည့် မျက်နှာနှင့်ဖြစ်သည်။

“ဖေးရှန့်၊ ငါ မကြာခင် ပြန်လာခဲ့မယ်။ ငါထွက်သွားချိန်မှာ မသေမျိုးကို တက်ရောက်ဖို့အတွက် အလောတကြီး မလုပ်နဲ့” ဖေးချန်းချီ ကစနောက်လိုက်ရင်း သူ့မျက်လုံးတွေက တောက်ပနေသည်။

ဖေးရှန့် ကခေါင်းခါလိုက်သည်။ “ခဏလောက်တော့ ကြာဦးမှာပါ၊ အစ်ကို။ ဂရုစိုက်ပါ” ထိုစကားကို ပြောလိုက်ရင်း သူက ဇူးလုံဝမ် ကိုလည်း ကြည့်လိုက်သည်။ ဇူးလုံဝမ် ကအေးစက်သည့် မျက်နှာတွင် နွေးထွေးမှု အနည်းငယ် ပေါ်လွင်နေပြီး လျှောက်လာကာ ပြောလိုက်သည်။

“ရှောင်ပိုင် ကိုစောင့်ရှောက်ပေးဖို့အတွက် မင်းကို ဒုက္ခများစေပြီ” သူက အဖြူရောင် ကြောင်လေးအား ခေါင်းညိတ်ကာ လက်ခံနေသည့် ဖေးရှန့် ဆီကို ကမ်းပေးလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Tahanan ng mga kuwento. Tumuklas ngayon