35...

987 132 1
                                    

Unicode

ဖေးချန်းချီ ကသူ့စကားတွေကို ကြားလိုက်ပြီး ထိုလူအား လက်မောင်းထဲ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ ဒီခွဲခွာခဲ့တဲ့ အချိန်အတွင်းမှာ ဒီလူအား ဆုံးရှုံးရသည့် မှတ်ဉာဏ်လေးခုကို ရရှိခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တော့ သူသိနေခဲ့သည်။ ဒီလူကို သူထပ်ပြီး မဆုံးရှုံးနိုင်ပေ။

“ငါကောပဲ၊ ငါလည်း မင်းကို အရမ်းချစ်တယ်” ဖေးချန်းချီ ကတိုးလျစွာ ပြောလိုက်ပြီး ဇူးလုံဝမ် ရဲ့ခေါင်းအား သူ့ရင်ဘတ်ဆီ ဆွဲသွင်းလိုက်သည်။ ထိုလူရဲ့ အသက်ရှူငွေ့က သူ့အဝတ်ကိုဖြတ်ပြီး ထိခတ်နေတာကို ခံစားမိနေသည်။

ဇူးလုံဝမ် ကမှီလိုက်ပြီး ထိုလူရဲ့ တောင့်တင်းသည့် ရင်ဘတ်ကို သူ့ခေါင်းနဲ့ ထိတွေ့လိုက်သည်။ သူခံစားနိုင်သည်။ ထိုလူရဲ့နှလုံးခုန်သံက တစ်ခါတစ်လေ နှေးကွေးပြီး တစ်ခါတစ်လေ မြန်သွားတာကို ခံစားမိနေသည်။ သူ့နှုတ်ခမ်းက တုန်နေခဲ့သည်။ သူငိုချင်သည်။ သူပျော်နေပေမဲ့ တစ်ချို့အရာကြောင့် သူငိုချင်နေသည်။

ဖေးချန်းချီ ကထိုလူရဲ့ ခေါင်းထဲတွင် ဘာတွေတွေးနေမှန်း မသိပေ။ ဒါကိုလည်း သူတွေးနေခဲ့သည်။ အခုတော့ မတူညီသည့် ဘဝပေါင်းများစွာကို ရှင်သန်နေထိုင်ခဲ့ပြီး ဖေးချန်းချီ ကအရင်ကနဲ့ မတူတော့ပေ။

လက မြင့်မားလာခဲ့သည်။ ဖေးချန်းချီ ကတောထဲမှ ပုစဉ်းရင်ကွဲတွေရဲ့ အသံတွေကို ကြားနေရသည်။
ဇူးလုံဝမ် ရဲ့ကျောအား နူးညံ့စွာ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။ “အရင်အိပ်လိုက်။ မင်းဘေးမှာ ငါရှိနေပေးမယ်” ဖေးချန်းချီ ကထိုလူအား စကားများစွာ ပြောချင်နေပေမဲ့ ထိုလူက နိုးလာတာ မကြာသေးမှန်း သိနေခဲ့သည်။ ကိစ္စတွေအား အပြေးအလွှား လုပ်ဖို့မလိုအပ်ပေ။

ဇူးလုံဝမ် ကထိုလူရဲ့ အသံကို ကြားလိုက်ပြီး သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ အဆုံးမှာတော့ သူ့ခေါင်းကိုသာ ညိတ်လိုက်သည်။ ဖေးချန်းချီ ကသူ့ဘေးမှာ ရှိနေတာကြောင့် အခုတော့ သူ မစိုးရိမ်တော့ပေ။ ဒါ့ကြောင့် သူ့ကိုယ်အား ဖေးချန်းချီ ဆီကို ပိုတိုးကပ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now