5.7

3.7K 568 7
                                    

Zawgyi

နာရိဇာဇဲနို ထိတ်လန့်မှုကြောင့် မျက်လုံးတွေကို ဖွင့်လိုက်သည်။ သူ့နဖူးတွင် ချွေးစေးများ ထွက်နေပြီး သူ့အိပ်မက်ထဲက မှတ်မိနေသည့် ပုံရိပ်တွေကြောင့် သူ့ရင်ဘတ်က နာကျင်နေဆဲဖြစ်သည်။ မဟုတ်ဘူး၊ ဒါက သူ့မှတ်ဉာဏ်တွေပဲ၊ အိပ်မက် မဟုတ်ဘူး။

အသက်ကို လေးလံစွာ ရှူထုတ်လိုက်ပြီး သူ့ဘာသာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ နောက်ဆုံးတော့ အသက်ကို ရှူသွင်းလိုက်ပြီး သူ့ဖုန်းက နာရီကို ကြည့်လိုက်သည်။ ၇ နာရီရှိပြီ ဖြစ်သည်။ ၈ နာရီမခွဲခင် နာရိဇာဇဲနို တခိမူရကို ရောက်နေဖို့ လိုအပ်သည်။

နောက်ဆုံးတော့ နာရိဇာဇဲနို အိပ်ရာပေါ်က ထလိုက်ပြီး သူ့ခန္ဓာကိုယ်က လေးလံမှုကို ခံစားနေရတာတောင် အရင်ဆုံး ရေချိုးလိုက်သည်။ ဒီနည်းလမ်းက သူ့အိပ်မက်အကြောင်းကို ပိုတွေးတောနိုင်သည်။ ဘာတွေလဲဆိုတာ သူသိခဲ့သည်။

ပိုင်ချန် အယောင်ဆောင်ထားသည့် ရွှယ်လု နဲ့ သူတို့လက်ထပ်ပြီးချိန်ကို အိပ်မက်မက်တာ ဖြစ်သည်။ နာရိဇာဇဲနို ကသူ့ကို ချစ်မြတ်နိုးသည့် လူကို နာကျင်အောင် လုပ်ခဲ့သည်။ ရေပန်းအောက်တွင် ရပ်နေရင်း တန်ဒိုးရာခိမိ ကိုပြောခဲ့သည့် သူ့စကားတွေကြောင့် သူ့နှလုံးသားက နာကျင်နေမှုကို ခံစားနေရတုန်းပင်။

ထို့နောက် နောက်ဆုံးပုံရိပ်က နာရိဇာဇဲနို ကသူ့ကိုယ်သူ နတ်ဆိုး..အဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှုတွေက တည်ရှိနေသည်။ ဒါက ဆက်ဖြစ်လာပြီး တန်ဒိုးရာခိမိ ကသူ့ကို ကယ်တင်ပေးဖို့ ကြိုးစားရင်းနဲ့ အသက်ဆုံးရှုံးသွားမှာ ဖြစ်သည်။

ရေပန်းကို ပိတ်လိုက်ပြီး အခုချိန် သူမှတ်မိလာရင်တောင် လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာကို နာရိဇာဇဲနို သိသည်။ တန်ဒိုးရာခိမိ ရဲ့စိတ်နဲ့ အာရုံကို ပြန်ရရှိဖို့ကိုသာ အာရုံစူးစိုက်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

ဒါပေမဲ့ သူ မသိသေးတာတွေ အများကြီး ရှိနေတုန်းပင်။ တခြားအရာတွေကို ပြန်မပြင်ဆင်နိုင်တော့ပေမဲ့ အနည်းဆုံးတော့ အရာအားလုံးကို ရှာဖွေဖို့အတွက် လိုအပ်တယ်လို့ နာရိဇာဇဲနို သိသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now