13...

819 123 8
                                    

Unicode

ဖေးချန်းချီ ကရွှေစ ၇ မီလီယမ်ဖြင့် ဖန့်ကျောက်စိမ်းအား အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ ဈေးနှုန်းက အတော်လေး မြင့်မားသော်လည်း ဒီလိုပစ္စည်း အတွက်ဆိုရင်တော့ တန်သည်။

ဖေးချန်းချီ ကငွေကို စိတ်ထဲမထားပဲ တခြားအရာကိုသာ ပိုစိတ်ဝင်စားသည်။ ဘာပဲဖြစ်ဖြစ် သူအခုတွင် မသေမျိုးဖြစ်နေခဲ့သည်။

ဖေးချန်းချီ က ဇူးလုံဝမ် ဘေးကို လျှောက်သွားလိုက်သည်။ သူတို့ စကားပြောကြရင်း အရက်ဆိုင်ခန်းကို မြင်လိုက်သည်။ ဖေးချန်းချီ ကပြုံးလိုက်ရင်း ဇူးလုံဝမ် ကိုဆွဲခေါ်လိုက်သည်။

“သွားသောက်ရအောင်!” ဇူးလုံဝမ် ကဘာစကားမှ မပြောနိုင်ပဲ ဖေးချန်းချီ ကသူ့အား ဆွဲခေါ်သွားခဲ့သည်။ သို့သော် ဖေးချန်းချီ ကသူ့အား တောက်ပသည့် မျက်လုံးတွေနဲ့ ကြည့်လာရင် သူဘာမှမလုပ်နိုင်တော့ပေ။

ဖေးချန်းချီ ကဘာကြောင့် ရုတ်တရက် သောက်ချင်လာမှန်း သူ့ကိုယ်သူ မသိပေ။ သူ မကြာမကြာ သောက်တက်တာမျိုးလည်း မဟုတ်ပေ။ မသေမျိုးဖြစ်လာတည်းက ကျင့်ကြံမှုအား အဓိကထားဖို့ မလိုအပ်တော့ပေ။

သူ့တိုးတက်နှုန်းက အတော်လေး လျင်မြန်နေသော်လည်း သူ့အချိန်တွေကို ဂိုဏ်းထဲတွင် ကောင်းကောင်းအသုံးချဖို့ သေချာအောင် လုပ်နေခဲ့သည်။ သို့သော် သူမကြာမကြာ အပြင်မထွက်တက်ပေ။

အချိန်တော်တော်များများကို ဆွေ့ဟွားတောင်ကြားတွင်သာ အချိန်ဖြုန်းပြီး ဇူးလုံဝမ် ကိုတွေ့ဖို့အတွက် တောင်ဟွား တောင်ကြားကို သွားတက်သည်။ တခြားအရာတွေထက် သူ့ဘဝက အေးချမ်းနေခဲ့ပြီး သူအပြင်ထွက်ပြီး ကယ်တင်မဲ့ တာဝန်ကို လုပ်ဆောင်တာမျိုးသာ ရှိသည်။

နှစ်ယောက်က ဝင်လိုက်ပြီး ခုံတွင်ထိုင်လိုက်ကာ ဖေးချန်းချီ ကအစေခံအား လက်ပြလိုက်သည်။ လူငယ်လေးက သူတို့ကို မြင်လိုက်ပြီး ပြေးလာခဲ့သည်။

“သခင်လေးတို့၊ ဘာများလိုအပ်ပါသလဲ?” ဖေးချန်းချီ ကပြုံးလိုက်သည်။

“ငါတို့အတွက် မင်းတို့ဆီက အကောင်းဆုံးဝိုင် လေးခွက်ချပေး” ထိုစကားကို ပြောလိုက်ပြီး ရွှေတစ်စကို ထုတ်လိုက်ကာ ထိုကောင်လေးကို ပေးလိုက်သည်။ ကောင်လေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ချက်ချင်းပင် ခေါင်းညိတ်လာခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now