Extra 1

2.8K 183 7
                                    

Unicode

သူ့ဘေးတွင် တစ်စုံတစ်ယောက် ရှိမနေတဲ့ဘဝက ခြားနားသည်။ သူ့တွင် သူ့ခမည်းတော်ရှိပြီး တခြားတစ်ယောက်ကတော့ ပျောက်ဆုံးနေခဲ့သည်။ ကြီးပြင်းလာပြီး သူ့အား မွေးပေးခဲ့သည့် လူအကြောင်း အများကြီးကို ကြားခဲ့ရသည်။

ရှုဝူဟွေ့ ကသူ့ကလေးဘဝကို စိတ်ရှုပ်ထွေးမှုတွေဖြင့် ဖြတ်သန်းခဲ့ရသည်။ သူ့မယ်တော်က ဘယ်မှာလဲ၊ သူ့ကို မွေးပေးပြီးတော့ ဘယ်ရောက်သွားလဲဆိုတာ သူအမြဲတမ်း သိချင်ခဲ့သည်။ ထိုအချိန်အတွင်း ရှောင်လျန် ကသူ့ကို ဘယ်တုန်းကမှ မပြောခဲ့ပေ။ သူမက နီရဲနေသည့် မျက်လုံးတွေနဲ့သာ ငိုကြွေးခဲ့သည်။

ရှုဝူဟွေ့ ကငယ်ငယ်တုန်းက သူ့ခမည်းတော်က သူ့ကိုချီထားတာကိုသာ မှတ်မိသည်။ ထိုလူရဲ့ခန့်ညားသည့် မျက်နှာက ပူးဆွေးမှုတွေနဲ့ ပြည့်နေရင်း သူ့အား ကြည့်နေကာ သူ့ပွေ့ဖက်မှုထဲတွင် အားနည်းသည့် အမူအရာတွေကို ပြနေခဲ့သည်။

ထိုအချိန်တွင် ရှုဝူဟွေ့ ကအသက် ၂ နှစ်သာ ရှိသေးပြီး သူ့ခမည်းတော်က ဘာကြောင့် ဒီလောက်တောင် ပူဆွေးနေမှန်း မသိပေ။ သူမှတ်မိတာကတော့ ရှုယောင်ဟန် ရဲ့ပါးစပ်မှ ပိုင်မန်ရှောင် ဆိုသည့် နာမည်ကို ထပ်တလဲလဲ ပြောနေတာကိုသာ ကြားမိသည်။

နောက်ပိုင်းတွင် ရှုဝူဟွေ့ ကသူ့အတွက် ဒီနာမည်က ဘာကြောင့် အရမ်းရင်းနှီးနေမှန်း သိသွားခဲ့သည်။ ထိုနာမည်ဖြင့် သူ့ဆီမှ ဖုံးကွယ်ထားခဲ့သည့် အရာတွေကို စတင်ရှာဖွေခဲ့သည်။

သူ့အသက် ၄ နှစ်တွင် ပိုင်မန်ရှောင် ရဲ့အရာအားလုံးကို သူသိသွားခဲ့သည်။ ပိုင်မန်ရှောင် ကသူ့ချစ်လှစွာသော မယ်တော်ဖြစ်ပြီး သူဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် အမျိုးသား ဖြစ်သည်။ ဒါက နောက်ကျခဲ့ပြီး တစ်ရာစုလောက်မှသာ သူ့မွေးဖွားလာခြင်းကြောင့် လူတိုင်းချစ်ကြသည့် လူက သေဆုံးခဲ့ကြောင်း နားလည်ခဲ့သည်။

ဒီအရာက သူ့အတွင်းတွင် လှိုက်စားလာခဲ့ပေမဲ့ ရှုဝူဟွေ့ ကဘာမှထုတ်မပြောခဲ့ပေ။ သူ့ဘဝကြောင့် သူ့အတွက် အရင်းနှီးဆုံး တစ်ယောက်ရဲ့ သေဆုံးခြင်းဖြင့် လဲလှယ်ခဲ့ရသည်။ အပြစ်ရှိမှုကို ခံစားနေရတာတောင် သူ့ဘဝကို အလွယ်တကူ လက်မလျှော့ခဲ့ပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now