1.10

23.2K 2.3K 17
                                    

Zawgyi

ပိုင်မန်ရှောင် ကအိပ်ရာမှ နိုးလာပြီး လှုပ်ရှားမှုမရှိပဲ ရပ်နေသော ရှုယောင်ဟန် ကိုကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးမှုသို့ ပြောင်းလဲသွားသည်။

“ယောင်ဟန် မင်းဒီမှာ ဘာလုပ်နေတာလဲ? ယုရွှန် နဲ့ မင်းရဲ့လက်ထပ်ပွဲကို နောက်ဆုံးအထိ မနေဘူးလား?” ပိုင်မန်ရှောင် ကမေးလိုက်သည်။

ရှုယောင်ဟန် ကသူ့ဆီကို လျှောက်လာပြီး အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။ ထိုအချိန်တွင် ပိုင်မန်ရှောင် ကမအိပ်ချင်သေးသော်လည်း မျက်လုံးကတော့ တော်တော်လေး ကျယ်သွားပြီး ရှုယောင်ဟန် ကိုကြည့်လိုက်သည်။

သူပြောနေချိန်မှာတော့ ရှုယောင်ဟန် ကဘာအမူအရာမှ မပြပဲ၊ သူ့မျက်လုံးတွေက ပုံမှန်သာဖြစ်နေပြီး သူ့အမူအရာကလည်း အရင်အတိုင်း နူးညံ့ကြင်နာနေတဲ့ပုံပဲ ဖြစ်နေသည်။

“ငါအဲ့လို မလုပ်ချင်ဘူး။ ငါမင်းကို အဲ့လိုလုပ်ပြီးနောက် ဒီလိုမျိုးအရာကို ငါဘယ်တော့မှ ထပ်လုပ်မှာ မဟုတ်ဘူး။ မန်ရှောင် မင်းအဲ့အကြောင်းကို မပြောဘူးဆိုရင်တောင်၊ ငါအဲ့အရာကို သူနဲ့သာလုပ်ရင်၊ သူမှမဟုတ်ဘူး၊ တခြားသူတွေကောပဲ ငါအဲ့လိုလုပ်ရင် မင်းနာကျင်မယ်ဆိုတာကို ငါသိပါတယ်။ မင်း ကိုယ်ဝန်ရှိနေတာကို ငါသိတဲ့ အဲ့နေ့ကထဲက ငါ့ကိုယ့်ငါ ကတိထားခဲ့တယ်၊ ငါ့ဘဝမှာ မင်းကလွဲပြီး တခြားသူတွေကို လုံးဝမထိတော့ဘူးလို့လေ။ မင်းတစ်ယောက်ထဲကသာ ငါ့အတွက် လုံလောက်နေပါပြီ။ အဲ့ဒီ့အတွက်ကြောင့် မင်းသားက စိတ်ဆိုးမယ်ဆိုရင်တောင် သူဘာမှ မလုပ်နိုင်ပါဘူး”

ရှုယောင်ဟန် ကပြောရင်း ပုံမှန်အတိုင်းဖြစ်နေတဲ့ ပိုင်မန်ရှောင် ကိုကြည့်ပြီး သူမယုံကြည်နိုင် ဖြစ်နေသည်။ ထို့နောက် ပိုင်မန်ရှောင် ကိုသူ့လက်မောင်းထဲကို ဆွဲလိုက်ပြီး ညင်သာစွာနဲ့ သူ့ခေါင်းကို နမ်းလိုက်သည်။

“ဒါပေမဲ့ ဒီအကြောင်းကို တခြားသူတွေ သိသွားရင် မင်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဘူးလား?” ပိုင်မန်ရှောင် ကသူ့မျက်လုံးထဲမှာ ခံစားချက်တွေကို ဖုံးကွယ်လိုက်ပြီး ထိုစကားအဆုံးမှာ သူ့နှုတ်ခမ်းကိုကိုက်ပြီး ထပ်မေးလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now