3.16

5.8K 817 7
                                    

Zawgyi

ဗစ်တာ မာ့ခ် ရဲ့လက်ကို ကိုင်ထားလိုက်သည်။ ခနကြာလျင် သူတို့ကွဲသွားလိမ့်မယ်။ တကယ်တော့ သူ့ခံစားချက် အစစ်အမှန်တွေကို ထုတ်ဖော်ပြီးသွားတဲ့နောက်တွင် သူအမြဲတမ်း ပုံရိပ်တွေကို မြင်တွေ့ခဲ့သည်။ ထိုပုံရိပ်တွေမှာ မာ့ခ် ကသူ့မျက်လုံးရှေ့မှာ အသတ်ခံရသည်။

တခြားပုံရိပ်မှာက ဗစ်တာ က မာ့ခ် ကိုအဝေးကို တွန်းထုတ်ခဲ့တယ်။ အချိန်တိုင်းမှာ မာ့ခ် ရဲ့မျက်လုံးထဲမှာ နာကျင်နေပေမဲ့ ကျေနပ် ရောင့်ရဲ နေပုံကို ဗစ်တာ မြင်နိုင်တယ်။ အဲ့ဒါတွေက အမှန် မဟုတ်တာကို ဗစ်တာ သိပေမဲ့ ထိုပုံရိပ်တွေကပဲ သူ့ကို ကြောက်ရွံ့မှုတွေ ဖြစ်လာအောင် လုပ်ပြီး အန္တရာယ်ရှိတဲ့ ခံစားချက်တွေက အတော်လေး ရင်းနှီးနေသည်။

မာ့ခ် ရဲ့ ပြိုပျက်သွားတာကို ကြည့်ပြီး သူ့နှလုံးသားက ဘာကြောင့် အမြဲတမ်း နာကျင်ပြီး ပြင်းထန်စွာ ရိုက်ခတ်နေလဲ ဆိုတာ သူ မသိပေ။ ဒါက ဗစ်တာ ကသူ့မျက်စိရှေ့မှာ သေသွားတဲ့အချိန်တိုင်း မာ့ခ် ခံစားခဲ့ရတာတွေလား? အကူအညီမဲ့ပြီး အင်အားမရှိပေမဲ့ ဘာမှကိုလဲ မလုပ်နိုင်ဘူး?

“မင်း အဆင်ပြေရဲ့လား?” ဗစ်တာ ရဲ့မျက်လုံးထဲတွင် သတိလွတ်စွာ ဗလာဖြစ်နေစွာ စိုက်ကြည့်နေတာကို သတိထားမိပြီး မာ့ခ် မေးလိုက်သည်။ ဗစ်တာ က ထိုမေးခွန်းကို ကြားလိုက်ချိန်တွင် မာ့ခ် ကိုကြည့်လိုက်သည်။

သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ အဲ့ဒါက သူနောက်ကျမှ သိခဲ့တာပဲ။အခုတော့ သူချစ်တဲ့ ဒီလူနဲ့ ဘာတွေပဲ ဖြစ်လာဖြစ်လာ သူ့ဘေးမှာပဲ နေပြီး သူ့လက်ကို ဆုပ်ကိုင်ထားမယ်။

“အင်း နည်းနည်း အတွေးများသွားရုံပါပဲ” ဗစ်တာ က ထိုစကားကို ပြောပြီး နည်းနည်း မဲ့လိုက်သည်။ မာ့ခ် ရဲ့လျစ်လျူရှုတတ်တဲ့ အမူအရာရဲ့ ခံစားချက်တွေကို ဖတ်ဖို့ ခက်ခဲပေမဲ့ ဗစ်တာ ကဘယ်လိုပဲ ဖြစ်နေပါစေ အနည်းငယ် ကွဲပြားမှုဖြစ်သွားတာကို တွေ့နိုင်သည်။ မာ့ခ် ရဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကနေ ဖော်ပြနေတာကတော့ စိုးရိမ်နေတာပဲ။

“အေးဆေးပါ၊ အရာအားလုံး အဆင်ပြေအောင် မင်းလုပ်ခဲ့တာပဲ။ ငါတို့လည်း A နိုင်ငံကို ပြန်တော့မှာပဲ၊ A နိုင်ငံရဲ့ နယ်စပ်ကို ရောက်ဖို့ နှစ်ရက်တောင် မကြာပါဘူး” ဗစ်တာ က ဗိုလ်ကြီးတွေနဲ့ စစ်သားတွေကို A နိုင်ငံသို့ ပြန်ဖို့ကို ပြောလိုက်သည်။ သူတို့က Y နိုင်ငံမှာ စစ်သားနှစ်ယောက်ကို ထားထားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now