5.13

2.8K 411 3
                                    

Zawgyi

"အမ်၊ ငါသိပြီ" ဆဲရူအခိတ ကသူ့မေးကို ထိလိုက်ပြီး ပြောလိုက်ကာ သူမရှိတဲ့အချိန်က အကြောင်းတွေကို စဉ်းစားနေပုံပေါ်သည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးနေပုံနှင့် နိုရူခနဲခိ နဲ့ ဆူအွန်ခါမာ တို့ကို ကြည့်လိုက်သည်။

"အင်း... မင်းတို့နှစ်ယောက် နားလည်လား?" နိုရူခနဲခိ ကသူ့မျက်လုံးကို အဝေးကို ကြည့်ကာလှည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ထိုနေရာတွင်သာ ရပ်နေသည်။

"မင်းတို့နှစ်ယောက် မိုက်မဲပုံမပေါ်လို့ အတန်းထဲမှာ ငါ့အာရုံကို ဆွဲဆောင်နိုင်တယ်။ ဇဲနို ကအစအဆုံးကို ရှင်းပြခဲ့လို့ ဘာလုပ်ရမယ်ဆိုတာ ငါသိတယ်"

"Nope တစ်ဖက်နားကနေ ဝင်ပြီး နောက်တစ်ဖက်ကနေ ထွက်သွားလိမ့်မယ်။ ဂျပန်စကားမှာ ဒီလိုလှပတဲ့ စကားလုံးတွေ ရှိတာကို ငါမသိဘူး။ ငါ့လိုလူတစ်ယောက်က ဒီလိုအသိဉာဏ်ရှိတဲ့ စကားလုံးတွေကို နားမလည်ဘူး"

ဆူအွန်ခါမာ ကအံ့ဩသည့် မျက်နှာအမူအရာ ပြုလုပ်ပြီး ဒီစကားကို တီးတိုးပြောလိုက်သည်။ ဆဲရူအခိတ ကသူ့ကို ထူးဆန်းတယ်လို့ ပြောနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရသည်။

နာရိဇာဇဲနို ကသူရှင်းပြပြီးနောက် သုံးယောက်သား ပြောနေကြတာကို စောင့်ကြည့်နေလိုက်သည်။ တဖက်တွင် တန်ဒိုးရာခိမိ ကသူ့ဘေးတွင် ရပ်နေခဲ့ပြီး သူ့အသက်ရှူသည့် လေက နာရိဇာဇဲနို ရဲ့မျက်နှာကို ရိုက်ခတ်နေတာကို ကျိန်ဆိုနိုင်ပေမဲ့ သူဘာမှမပြောပေ။

"နောက်ပြီး မင်း၊ ထပ်ပြောချင်တာရှိလား?" တခြားသုံးယောက်က သူတို့ စကားပြောခြင်းတွင် အာရုံစိုက်နေကြချိန် နာရိဇာဇဲနို က တန်ဒိုးရာခိမိ ကိုမေးလိုက်သည်။ တန်ဒိုးရာခိမိ က နာရိဇာဇဲနို ကသူ့ဘေးကို အနားတိုးလာတာကို တွေးလိုက်ပြီး သူ့ခေါင်းကို ခါလိုက်သည်။

"မရှိဘူး၊ မင်းရှင်းပြထားတာက တော်တော်ကောင်းတယ်လို့ ထင်တယ်" ထိုစကားကို ကြားလိုက်ပြီး နာရိဇာဇဲနို ကမျက်နှာမဲ့ပြလိုက်သည်။

"ဆိုတော့ ငါပြောခဲ့တဲ့အကြောင်းကို ဒီသုံးယောက်က ဘာကြောင့် ဆက်ပြီး တွေးတောနေကြတာလဲ?" သူက ထိုစကားကို ပြောလိုက်ရင်း သက်ပြင်းချလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now