38...

937 132 0
                                    

Unicode

“သားငယ်ငယ်က အမေ့ကို ဖက်ရတာကို တော်တော် သဘောကျတာ။ အရင်က သားက အမေ့ကိုတောင် တစ်ခါမှ မလွှတ်ခဲ့ဘူး” ချန်းလီဟွေ့ ကပြောလိုက်ရင်း သူမမျက်လုံးတွေက တောက်ပနေကာ ပျော်ရွှင်မှုတွေ ပြည့်နေသည်။

ဖေးချန်းချီ ကနားထောင်နေရင်း သူ့နှုတ်ခမ်းထက်တွင် အပြုံးလေးက တည်ရှိနေသည်။ သူကြောက်ခဲ့သည်။ အရင်က သူ့မိသားစုမှ နှိပ်စက်မှုကို ခံစားခဲ့ရတာကြောင့် ဒီလိုချစ်ခြင်းကို သူကြောက်လန့်ခဲ့သည်။ သို့သော် ချန်းလီဟွေ့ ကကွာခြားသည်။ သူမက သူ့အတိတ်က ဘဝနဲ့ ကွာခြားသည်။ သူမက တကယ့်ကို အမေ တစ်ယောက်ပင်။

ဇူးရုံ ကညည်းလိုက်သည်။ “မင်းက သူရောက်တည်းက ဒါကိုပဲ ပြောနေတာပဲ” မီးနတ်ဘုရား ဟုတ်ဟုတ် မဟုတ်ဟုတ် ထိုလူက သူ့ဇနီးက သူမသားအား စကားပြောနေတာကို မနာလိုဖြစ်နေခဲ့သည်။

ဖေးချန်းချီ ကမျက်မှောင်ကြုတ်ကာ ဇူးရုံ ကိုကြည့်လိုက်သည်။ “အဖေ အရမ်းမညည်းညူသင့်ဘူး” သူက လှောင်ပြုံးပြုံးလိုက်သည်။

ဇူးရုံ ရဲ့မျက်နှာက ဖေးချန်းချီ ရဲ့ခေါ်လိုက်သည့် ‘အဖေ’ဆိုသည့် စကားကြောင့် ရှုံ့တွသွားခဲ့သည်။ “အာ၊ အဲ့လိုခေါ်တာက ထူးဆန်းတယ်” သူက ချန်းလီဟွေ့ နားကို ပိုရွှေ့သွားလိုက်သည်။

ချန်းလီဟွေ့ ကခေါင်းခါလိုက်သည်။ “ရှင် မကြာခင် ကျင့်သားရသွားမှာပါ။ ချန်းချီ ကနောက်ကျရင် ပိုပြီးအလည်လာလိမ့်မယ်။ နောက်ပြီး သူက သူ့ခင်ပွန်းကိုလည်း ခေါ်လာလိမ့်မယ်”

ဖေးချန်းချီ ရဲ့သူငယ်အိမ်က တုန်သွားခဲ့သည်။ “ခင်ပွန်း?”

ချန်းလီဟွေ့ ကခေါင်းစောင်းလိုက်သည်။ “သားက သူနဲ့အခုထိ လက်မထပ်ရသေးဘူးလား?”

“လက်ထပ်တာ?” အခုတော့ ဇူးရုံ ပါစိတ်ရှုပ်သွားသည်။

ဖေးချန်းချီ ကထူးဆန်းမှုအား ရုတ်တရက် နားလည်သွားခဲ့သည်။ စုပိုင်ချန် နဲ့အေးချမ်းသွားပြီး ဇူးလုံဝမ် နဲ့သူ့ရဲ့ဆက်ဆံရေးက အခုတော့ ပိုပြီးခိုင်မာလာတာတောင် ထိုလူကို သူလက်မထပ်ရသေးပေ။ သူ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်လိုက်သလို ခံစားလိုက်ရသည်။ အရူးပဲ! အဲ့ဒါကို မေ့နေတာ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now