2.17

11.2K 1.3K 7
                                    

Zawgyi

လူးဝစ် က ဆမ် ရဲ့လက်ကိုကိုင်ထားပြီး သူ့မျက်နှာမှာလည်း ပီတိဖြစ်နေလျက် လူများတဲ့နေရာကိုဖြတ်ပြီး သွားနေသည်။ အရူးတစ်ယောက်လို ပြုံးပျော်နေ‌လေသည်။ ထိုလူက သူ့ရဲ့သေခြင်းတရားပဲ။

လူးဝစ် ကရိုးရှင်းသည်။ သူ့ဘဝက အရာရာတိုင်းက သူ့ဦးစားပေးပဲ၊ အခုတော့ ဆမ် ကသူ့ရဲ့အရာရာတိုင်းရဲ့ နံပါတ်တစ် အရေးကြီးဆုံး တစ်ခုပဲ။ ဒုစရိုက်လောကကို သူယူခဲ့တုန်းက လူးဝစ် အများကြီး မတွေးခဲ့ပေ။

ထိုအရာက သူ့ရဲ့စိတ်ဓာတ်ကျမှုတွေနဲ့ သူ့ဒေါသတွေကို ဖြေလျော့ပေးနိုင်တဲ့ နည်းလမ်း ဖြစ်သည်။ ဒါပေမဲ့ သူ့လက်ထဲ အရာအားလုံး ရောက်လာတာကို ကြည့်ပြီး လူးဝစ် မသိပဲ ယူခဲ့မိတဲ့နေရာကို ပေးဖို့လောက်တဲ့အထိ သူ မရူးသေးပေ။

ဒုစရိုက်လောကမှာ သူ့ပုံစံအသစ်ကို သုံးပြီး သူ့ကိုယ်ပိုင် အဖွဲ့ဝင်တွေ ရှိခဲ့သည်။ အဲ့ဒါနဲ့အတူ လူးဝစ် နာမည်က ကျယ်ပြန့်လာပြီး ဒုစရိုက်လောက ကလူတွေက သူတို့ကို ကြောက်ရွံ့ကြလေသည်။ ထို့နောက် လူးဝစ် သူငယ်ချင်းတွေလည်း ပါဝင်လာကြသည်။

ပထမကတော့ ဘလိန်း နောက်တော့ ဂျွန် လည်းဝင်လာခဲ့ပြီး အမွှာနှစ်ယောက် လူခါနဲ့ လူးကပ် တို့လည်း ပါလာခဲ့သည်။ လူးဝစ် ကဂရုမစိုက်ပေ။ သူက မာကြောမှုဖြင့်သာ အုပ်စိုးခဲ့သည်။ ထိုအရာကတော့ ဆမ် ကိုမတွေ့ခင်အထိသာ ဖြစ်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် သူ့ကမ္ဘာတစ်ခုလုံးက သူ့နှလုံးသား ရိုက်ခတ်မှုနှင့်အတူ ကွေးသွားဖို့ တွန်းအားပေးခဲ့သည်။ ဆမ် က ကျက်သရေရှိပြီး လှပတဲ့အဓိပ္ပါယ်တွေနဲ့ ပြည့်နေကာ လူးဝစ် ရဲ့ကမ္ဘာတစ်ခုလုံးကို သန့်စင်တဲ့ ပျော်ရွှင်မှုတွေကို ရရှိစေသည်။

လူးဝစ် သည်ထိုလူကိုရရှိရန် ဒုစရိုက်လောက ကအရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ အသွင်အပြင်က အေးစက်နေတဲ့ နှလုံးသားဖြစ်နေပေမဲ့ လူးဝစ် ထိုလူကို သူ့အပိုင်ဖြစ်ဖို့ အရာအားလုံးကို လုပ်ခဲ့သည်။ နေ့တိုင်း လူးဝစ် က ဆမ် ကိုတွေ့ပြီး သူနှင့်အတူ ချစ်လာဖို့ ကြိုးစားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now