4.8

6K 805 4
                                    

Zawgyi

လီရှင်းဝူက သူထွက်သွားမည့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။ ရှင်းဟာနရဲ့ ခွင့်ပြုချက်ကို ရပြီးနောက်တွင် သူ့ဘာသာပဲ ထွက်ခွာခဲ့သည်။ အမှန်ပါပဲ၊ သူက ဘာပဲဖြစ်ဖြစ် ပြောပြရတာတွေကို ကြိုက်တယ်၊ ဒါပေမဲ့ တကယ့်လကတွေ့ကတော့ ပိုပြီးကွဲပြားခြားနားတယ်။

သူသိသင့်ပေမဲ့ မင်ယောင်ဂျွန် ကတကယ်ပဲ သူ့နောက်လိုက်လာမယ်လို့ သူမတွေးထားခဲ့ပေ။ အခုတော့ သူက မင်ယောင်ဂျွန်နဲ့ မျက်နှာချင်းဆိုင် ရပ်နေပြီး သူ့မျက်နှာကို ကြည့်ကာ တွန်းအားပေးပြီး မေးခွန်းမေးလိုက်သည်။

“မင်း ဒီနေရာကို ဘာလို့ရောက်နေတာလဲ?” လီရှင်းဝူ ကသူ့လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ပြီး နဖူးကို တွန့်ကာ မေးလိုက်သည်။ မင်ယောင်ဂျွန် က လီရှင်းဝူ ရဲ့အမေးကို မရှက်ပဲ ပထမဆုံး အကြိမ် ပြန်ဖြေလိုက်သည်။

“အင်း.. ဒါကို ကြိုက်တယ်လို့ ခံစားရတယ်” သူက ထူးဆန်းတာကို မပြောလိုက်သလိုနဲ့ သူ့ပုခုံးကို တွန့်လိုက်သည်။

“ဒါကို ကြိုက်တယ်လို့ ခံစားရတာလား?” လီရှင်းဝူ ကထပ်ပြောလိုက်သည်။ အခုတော့ သူ့မျက်နှာတွင် လှောင်ပြုံးတစ်ခုက ထွက်ပေါ်လာသည်။

“အဲ့ဒါကြောင့်မို့ မင်းက ငါ့နောက်ကို လိုက်လာခဲ့တာလား? ရုတ်တရက် ငါ မင်းကို သစ္စာဖောက်ပြီး တစ်ကိုယ်ကောင်းဆန်စွာနဲ့ ဆာလောင်နေတဲ့ ဇွန်ဘီတွေကို ကျွေးလိုက်ရင် ဘယ်လိုလုပ်မလဲ?”

ထိုစကားကြောင့် မင်ယောင်ဂျွန် ကအနည်းငယ် ပြုံးလိုက်သည်။ ထိုအချိန်မှာပဲ လီရှင်းဝူ အရှေ့တွင် သူဘယ်လိုရှက်ရမလဲဆိုတာ မေးသွားခဲ့သည်။ ပျော်ရွှင်နေတဲ့ အသံနဲ့ ပြန်ဖြေလိုက်လေသည်။

“ဒါဆို ပထမဆုံး အကြိမ်တွေ့ထဲက ငါ့ကို မကယ်ပဲ နေလို့ရတာပဲ။ ရှင်းဝူ မင်းက ဒီလိုလူမျိုးမဟုတ်ပါဘူး” မင်ယောင်ဂျွန် ရဲ့တောက်ပတဲ့ မျက်လုံးနဲ့ ခန့်ညားသည့် မျက်နှာကို ရင်ဆိုင်ကြည့်ရင်း လီရှင်းဝူ သူ့နှလုံးသားက ခုန်ပေါက်နေတာကို ဖုံးကွယ်ဖို့ ရုန်းကန်နေရသည်။ သူက ဒီမိုက်မဲတဲ့ လူကို တကယ်ပဲ ချစ်တာပဲ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now