Extra 5

983 98 5
                                    

Unicode

ဆဲရူအခိတ ကအရမ်းကို အထီးကျန်နေသည်။ သူ့ဘေးရှိလူတိုင်းက လက်ထပ်သွားကြပြီး သူပဲကျန်တော့သည်။ ဒါကနေ ဖိအားမများပေမဲ့ သူ့ဘေးက စုံတွဲတွေအားလုံးက ချစ်ခြင်းတွေကို ထုတ်ပြလာချိန်တွင် ခါးသက်မှုကို ခံစားခဲ့ရသည်။

သက်ပြင်းချလိုက်ပြီး ဆဲရူအခိတ ကသူ့ကျောဘက်မှကျနေသည့် အနီရောင် ဆံပင်ကို ကိုင်လိုက်သည်။ သူ့အဖြူရောင် အင်္ကျီတွင် ဖုန်တွေကပ်နေပြီး သူ့မျက်မှန်တွေကို ပြန်ပြင်လိုက်ရင်း ဆေးရုံပေါ်ရှိ အိပ်ရာပေါ်တွင် လှဲလျောင်းနေသည့်လူက တွန့်သွားခဲ့သည်။

"ငါအဆင်ပြေတယ်မလား?" သူ့ဗိုက်က ပတ်တီးဖြင့် ထိုလူက တစ်ဝက်ထိုင်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်တွင် အမာရွတ်က ရှိနေပြီး သူ့အနက်ရောင် ဆံပင်တွေက ရှုပ်ထွေးနေသည်။ ရာကူဇာ အဖွဲ့ဝင်လိုမျိုး သူ့တွင် အမာရွတ်တွေနဲ့ ခန္ဓာကိုယ်က ရှိနေခဲ့သည်။

"သေချာတာပေါ့။ မနက်ဖြန် မင်းပြန်ချင်ရင် မင်းလွတ်လွတ်လပ်လပ် လှုပ်ရှားလိုက်တာနဲ့ မင်းအနာက စုတ်ပြဲသွားမှာ" ဆဲရူအခိတ ကထိုစကားကြောင့် ပြုံးလိုက်ပြီး မျက်ခုံးပင့်ကာ ထိုလူအား ဆူပူလိုက်သည်။ "ရှူး၊ ခဏလောက်တိတ်၊။ ခေါင်းဆောင်ကို ခေါ်ရမယ်" ထိုစကားကို ပြောလိုက်ပြီး ဆဲရူအခိတ ကအဝေးကို လျှောက်သွားခဲ့သည်။ သူအဝေးကို လျှောက်သွားရင် ထိုလူဆီမှ ညည်းညူသံကို ကြားလိုက်ရသည်။

ဆဲရူအခိတ ကသူ့ဖုန်းကို ကောက်ယူလိုက်ပြီး contact ကိုနှိပ်လိုက်ရင်း သူ့ရုံးခန်းထဲ ဝင်လိုက်ကာ သူ့နောက်မှ တံခါးက ပိတ်သွားခဲ့သည်။

"မစ္စတာနာရီဇာ၊ နောက်ဆုံးအဖွဲ့ဝင်ကို ဒဏ်ရာစည်းပေးလိုက်ပြီ" ဆဲရူအခိတ ကသူ့ဖုန်းအား ပုခုံးနဲ့ညှပ်ထားရင်း ဘောပင်ကို ယူလိုက်ကာ သူ့မှတ်စုတွင် တစ်ခုခုကို ရေးနေခဲ့သည်။ "လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်၊ နှစ်ယောက်က ဒဏ်ရာပြင်းပြီး ၁၃ ယောက်ကတော့ သိပ်မပြင်းဘူး"

"အကုန်လုံး ဖြေရှင်းပြီးပြီလား?" နာရီဇာဒိုင်းချီ ရဲ့အသံက တိုးလျနေသည်။

"အင်း၊ မိုဇူခိ ရဲ့မဖြစ်စလောက် အခြေအနေလေးကလည်း တည်ငြိမ်သွားပြီ။ လက်လွှတ်လို့ရပြီ။ ကံကောင်းတာက ဘယ်ဘက်မှ ဒဏ်ရာက အရမ်းကြီးမဆိုးဘူး" ဆဲရူအခိတ ကပြန်ဖြေလိုက်ရင်း သူ့လက်က ဖုန်းကိုပြောင်းလိုက်သည်။ သူ့မျက်မှန်ကို ချွတ်လိုက်ပြီး ဘောပင်ကို ပစ်လိုက်ကာ စားပွဲပေါ်တွင် မှတ်စုကို တင်လိုက်ပြီး သူ့ခုံတွင် ထိုင်ချလိုက်သည်။ "ဇဲနို ကဟာဝိုင်အီကနေ မကြာခင် ပြန်လာတော့မယ်လို့ ငါကြားခဲ့တယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now