2.5

19.6K 2.1K 17
                                    

Zawgyi

အန်ဒီ သည် ဆမ် နဲ့အတူ အဆောက်အဦကနေ ထွက်လာခဲ့သည်။ သူ့ဦးနှောက်ထဲတွင် လက်ရှိမှာ အာဗန် နဲ့မြူလက် ကိုဘယ်လို ပျက်စီးအောင် လုပ်ရမလဲဆိုတာကို တွေးရင်း သူ့မျက်နှာက ဥပေက္ခာပြုနေတဲ့ ပုံဖြစ်နေသည်။

အခုတော့ ဒန်နီရယ် ကသူတို့ရဲ့ ဆက်ဆံရေးကို ဖြတ်လိုက်ပြီ ဖြစ်တာကြောင့် နောက်ဆုံးတော့ အန်ဒီ ကသူတို့ကို အဆိုးရွားဆုံး နည်းလမ်းဖြင့် လက်တုံ့ပြန်နိုင်သည့် အချိန်ရောက်လာခဲ့သည်။ သူက သူတို့ရဲ့ မျက်နှာတွေကို ရိုက်နိုင်လိမ့်မယ်၊ အဲ့ဒါက အရမ်းပျော်ဖို့ကောင်းမှာပဲ။ သူတို့ကို ပါတီမှာ မထင်မှတ် တွေ့ဆုံအောင်လုပ်ခဲ့ပြီး ဆွထားပေးခဲ့သေးသည်။

အခု ဒန်နီရယ် ကသူ့အမှတ်တရတွေ နှင့်ပတ်သက်ပြီး သူ့အတွေးများနှင့်အတူ သူ့နှလုံးသားကို ခိုးယူဖို့ လမ်းကြောင်းကို ချောမွေ့စွာ ရောက်ရှိသွားပြီ။ အန်ဒီ ကမစိုးရိမ်ပေ၊ သူ အာဗန် နဲ့သူ့မိသားစုကို ဖျက်ဆီးဖို့ အရင်ထားခဲ့တဲ့ သူ့အစီစဉ်ကို လွယ်လွယ်ကူကူသေဖို့ သူတို့ဆန္ဒရှိလာတဲ့အထိ ချောချောမွေ့မွေ့နဲ့ နှေးကွေးစွာ အချိန်ယူဖို့ကို တွေးတောပြီး ပြောင်းလဲခဲ့သည်။

ဒန်နီရယ် နဲ့မတွေ့ခင်တုန်းက အန်ဒီ သူချထားတဲ့ အစီစဉ်မှာ ငယ်ငယ်ကသူနဲ့ ဒန်နီရယ် တွေ့ဆုံဖူးတဲ့ ပုံရိပ်ကို ဖုံးကွယ်ထားဖို့ လုပ်ထားခဲ့သည်။ အခုတော့ ထိုအချိန်က မှတ်ဉာဏ်က ဒန်နီရယ် ရဲ့စိတ်ထဲမှာ ကျန်နေသေးသည်၊ ဒီအချက်က မူလပိုင်ရှင် လုံးဝ မထုတ်ခဲ့ရတဲ့ ကဒ်တစ်ကဒ်ဖြစ်ပြီး မဖော်ထုတ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဒုက္ခနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်သည်။

အခုတော့ အန်ဒီ ကချက်ချင်း အရည်ပျော်သွားမည် မဟုတ်သလို သူ့မျက်နှာ အမူအရာတွေကိုလည်း ဖော်ပြမှာမဟုတ်ပေ။ ဒန်နီရယ် က သူ့ကိုအပြည့်အဝ ချစ်လာတဲ့အချိန် ဒါမှမဟုတ် လှည့်စားခံရတဲ့ အချိန်မှသာ အန်ဒီ ကစပြီး သူ့အမူအရာ နည်းနည်းကို ထုတ်ဖော်ပြမှာ ဖြစ်သည်။

နောက်ဆုံးမှာတော့ အဲ့ဒါက OOC ဖြစ်နေဆဲ ဖြစ်ပြီး သူ့ရဲ့အမူအကျင့်တွေ တဖြည်းဖြည်း ပြောင်းလဲသွားတာလို့ ဆိုနိုင်သည်။ ဒါပေမဲ့ အန်ဒီ ကဒီပုံစံကို တကယ်ပဲ ကြိုက်သည်။  လူတစ်ယောက်ကို တစ်ချက်ထဲ ကြည့်ရတာက ပျော်စရာစွမ်းရည်ပဲ။ သူက စကားတွေနဲ့ နှိုးဆွတာ၊ ဒါမှမဟုတ် တစ်ခုခု ပြောဆိုတာကို သူမလုပ်နိုင်ဘူး။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now