6.16

2.1K 345 3
                                    

Unicode

"သိပ်မကြာခင် မင်း ငါ့ကို လိုအပ်လာလိမ့်မယ်လို့ ငါပြောသားပဲ" ရှုဟီကျန့် က ချန်းရှုဂျင်း နဲ့ လုဟောင်ရွယ် တို့နဲ့အတူ ကားထဲမှာ ထိုင်နေရင်း ရေရွတ်လိုက်သည်။

"ယင်လွေ့ ကသူ့ကို ဒီလိုမျိုး ကူညီပေးမယ်လို့ ငါမထင်ထားခဲ့ဘူး" ပြောလိုက်ရင်း ချန်းရှုဂျင်း ရဲ့မျက်နှာက မဲမှောင်လာကာ သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တွေကို မြင်နေရသည်။

"အရှင်မင်းကြီး၊ သခင်လေးက ငယ်သေးတာကြောင့် အရှင်မင်းကြီးလောက် မတွေးတောနိုင်သေးပါဘူး။ ဟန်တာတွေက လိမ္မာပါးနပ်ပြီး အရင်ခေါင်းဆောင်တုန်းကဆိုရင် သူ့စကားတွေအတိုင်း ပြုမူတတ်တယ်။ ဟန်တာတွေနဲ့ မတွေ့ခင် သူ့ကို ဘာလို့ဘာမှမပြောလဲဆိုတာပဲ ကျွန်မ နားမလည်ဘူး" လုဟောင်ရွယ် ရဲ့ပုံမှန် ဂရုမစိုက်တတ်တဲ့ မျက်နှာပေါ်တွင် သူမမျက်ခုံးတွေက တွန့်‌ေကွးနေခဲ့သည်။

"ဟောင်ရွယ် ပြောတာမှန်တယ်။ ရှုဂျင်း က ဇူဟေး နဲ့အနီးကပ်ဆုံးသူပဲ၊ ဒီလိုအရေးကြီးတဲ့ ကိစ္စကို သူက ဘာကြောင့်မပြောရတာလဲ? သူ့ကို လမ်းလွဲအောင် လှည့်စားနေတဲ့သူ ရှိရမယ်" ရှုဟီကျန့် ခေါင်းကို ခါလိုက်သည်။

ချန်းရှုဂျင်း ကဘာမှမပြောပေ။ သူလဲ နည်းနည်း တွန့်ဆုတ်နေပြီး ဝမ်ဇူဟေး ကသူ့ကို အရင်ဆုံး မတိုင်ပင်ပဲ လုပ်လိုက်တာကြောင့် စိတ်ရှုပ်‌ေထွး‌ေနခဲ့သည်။ သူ့ကို သူတွန်းအားတွေ ပေးခဲ့မိတာ‌၊ သူ့အပြုအမူတွေက ဝမ်ဇူဟေး အတွက် အဆုံးသတ်ကို ရောက်စေချင်ခဲ့တာတွေ ဖြစ်စေခဲ့တာ ဖြစ်လိမ့်မည်။ ဒါကြောင့် သူ့ကိုယ်သူပဲ ဒေါသထွက်နေမိခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဝမ်ဇူဟေး သည် ၁၈ နှစ်သာရှိသေးပြီး ထိုအရွယ်‌ ကောင်လေးတွေက ဒီလိုမျိုး အမှားများရှိလိမ့်မည်။ သူ့အသက်အရွယ်တွင် အတော်လေး ရင့်ကျက်နေပြီး သူက သိုးရေခြုံထားသည့် ဝံပုလွေမှန်း ချန်းရှုဂျင်း ကောင်းကောင်းသိနေခဲ့သည်။

အခုတော့ လီယင်လေွ့ က ဝမ်ဇူဟေး အားကူညီ‌ေပး‌ေနတာကို သိခဲ့ရတာကြောင့် ဘာတွေမှ ဖြစ်မလာဖို့ သူမျှော်လင့်နေခဲ့သည်။ ထိုအကြောင်းကို တွေးတောရင်း ချန်းရှုဂျင်း လက်သီးဆုပ်လိုက်ကာ သူ့မျက်နှာက အရင်ကထက်ပင် ပိုပြီးအေးစက်လာခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now