4.12

5.2K 725 4
                                    

Zawgyi

လီရှင်းဝူ ကသူ့အနားမှာ တည်ရှိနေတဲ့ တစ်ခုက သူ့ကို ထိတ်လန့်သလို ခံစားရစေတယ်။ ဒီအရာက တည်ရှိနေတယ်လို့ မခံစားရင်တောင် ဘာကြောင့် ဒီလိုမျိုး သူခံစားရတာလဲဆိုတာ လီရှင်းဝူ မသိပေ။ လီရှင်းဝူ ရဲ့ပုံစံကို မင်ယောင်ဂျွန် သတိထားမိပြီး မျှော်လင့်ချက် စကားတစ်ချို့ကို ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ သူတို့ ဘာမှမဖြစ်နိုင်ပါဘူး။ သူတို့အားလုံးက စွမ်းအားကောင်းပြီး မင်းအမေနဲ့ အဖေက လူတွေကို ကျရှုံးသွားစေမှာ မဟုတ်ဘူး” လီရှင်းဝူ ဒီအကြောင်းကို မစိုးရိမ်ပေမဲ့ မင်ယောင်ဂျွန် သူ့ကို ကူညီဖို့ ကြိုးစားပေးနေတာကြောင့် ပြုံးလိုက်သည်။

“ငါသိပါတယ်၊ ငါ့မိဘတွေက ငါသိသလို သန်မာတဲ့သူတွေပဲ။ မင်းအစ်ကိုနဲ့ သူ့ချစ်သူကလည်း ကောင်းကောင်း လုပ်နိုင်မှာပါ” လီရှင်းဝူ စကား ပြောလိုက်ရင်း ပလက်စတစ်အိတ်ကို လေထဲတွင် ပျံသွားအောင် ကန်ထုတ်လိုက်သည်။ မင်ယောင်ဂျွန် ကပြန်လှည့်ပြီး ပြုံးလိုက်ကာ အခုတော့ လီရှင်းဝူ ရဲ့ပုံစံက ပိုပြီး ပေါ့ပါးသွားတာကို ခံစားမိလေသည်။

“ဒါကို ငါလည်း သိတယ်။ နောက်ပြီး ဘာတွေပဲဖြစ်ဖြစ် ငါ့အစ်ကိုက လက်လျော့တတ်တဲ့သူ မဟုတ်ဘူး။ အဆုံးထိ မရောက်မချင်း ဂျင်ဆော့ လည်းငါ့အစ်ကိုကို ကာကွယ်ပေးမှာပါ” လီရှင်းဝူ ကသူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မင်ယောင်ဂျွန် ရဲ့စကားတွေကို ခေါင်းသာညိတ်ပြလိုက်သည်။

ထို့နောက် အဝေးမှ ဆူညံသည့် အသံကို ကြားလိုက်ပြီး သူ့ကိုယ်က တောင့်တင်းသွားလေသည်။ ဒါက တကယ်ပဲ ဇွန်ဘီတွေရဲ့ အသံပဲ၊ သူတို့က အုပ်စုတစ်စု ဖြစ်နိုင်ပေမဲ့ အကွာအဝေးက အတော်လေးလှမ်းသည်။ ရှင်းဟာန နဲ့ လီဟွမ်ယန် တို့က အခြားသူတွေနဲ့ စတိုးဆိုင်တစ်ခုရဲ့ ရုံးခန်းထဲတွင် ပိတ်မိနေကြောင်း ဖေးရှန့် ပြောခဲ့သည်။

ထိုနေရာက ဇွန်ဘီတွေနဲ့ ပြည့်နေပေမဲ့ တံခါးက ကြီးမားပြီး သတ္ထုဖြင့် ပြုလုပ်ထားတာကြောင့် အကာအကွယ် ပေးနိုင်သည်။

(ဖေးရှန့် ဒီကနေ ဘယ်လောက်လောက် ဝေးလဲ? စတိုးဆိုင်ကို ဝင်သွားဖို့အတွက် ဇွန်ဘီ အုပ်စုကို ဖြတ်သွားနိုင်မလား?)

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now