7.7

2K 288 7
                                    

Unicode

"အရမ်းတင်းမာနေစရာ မလိုပါဘူး၊ မင်းကို ခြိမ်းခြောက်ဖို့အတွက် ဒီ‌ေနရာကို ခေါ်လိုက်တာ မဟုတ်ဘူး" တန်ချင်းရှန် ရဲ့မျက်နှာပေါ်က လှောင်ပြောင်တဲ့ အမူအရာပေါ်လာတာကို သတိထားမိရင်း ချီလုံဟိုင် ရဲ့နှုတ်ခမ်းတွေက ကွေးသွားခဲ့သည်။ သူ့မျက်နှာက လှောင်ပြုံးနဲ့အတူ လုဖန်မိန် ဘက်ကိုလှည့်လိုက်ပြီး အညိုရောင် မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ "ဒါက မင်းရဲ့လက်အောက်ငယ်သား အသစ်ဖြစ်သူ လုဖန်မိန် ဖြစ်ရမယ်"

တန်ချင်းရှန် မျက်လုံးပြူးသွားသည်။ ဘယ်သူမှ လုဖန်မိန် ရဲ့အသွင်အပြင်ကို သေချာမသိကြပဲ သူကလည်း လျှို့ဝှက်နိုင်သလောက် လျှို့ဝှက်ဖို့ လုပ်ထားခဲ့သည်။

လုဖန်မိန် ရဲ့နူးညံ့သည့် နဖူးက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီလူက ဘယ်သူပဲဖြစ်ဖြစ် သူ့မှအကုန်လုံး အားသာနေပုံပေါ်နေသည်။ အခုတော့ လုဖန်မိန် ကသူ့စွမ်းအား က ကန့်သတ်ခံထားပြီး ခြိမ်းခြောက်‌ေနသည့် အခြေအနေကို ရုတ်တရက် နားလည်သွားခဲ့သည်။

အံ့ဩနေကြတဲ့ နှစ်ယောက်ကို ချီလုံဟိုင် ကကြောင်က ကြွက်ကို ကစားနေသလိုမျိုး ကြည့်နေခဲ့သည်။ ဝူဖန် ကိုကြည့်လိုက်ပြီး ချီလုံဟိုင် ပြောလိုက်သည်။ "တံခါးအပြင်မှာ သွားစောင့်နေ။ တစ်ခုခုဖြစ်လာရင် မင်းဆန္ဒအတိုင်းလုပ်လိုက်"

ဝူဖန် ကချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဝူဖန် နားလည်ပါတယ်" ဝိုင်ပုလင်းကို ချလိုက်ပြီး ဝူဖန် ထွက်သွားကာ တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး အပြင်တွင် ရပ်နေလိုက်သည်။

ထိုလူနှစ်ယောက်ကို ပြန်ကြည့်လိုက်တာ‌ေတာင် လေထုထဲတွင် တင်းမာနေမှုကို ချီလံုဟိုင် ခံစားမိနေသေးသည်။ ဒါတောင် သူကဆက်ပြုံး‌ေနသည်။ "မင်းက အရမ်းအံ့သြသွားတယ်။ ငါက အာဏာနဲ့ ကြီးပြင်းလာလို့ ဒီအချက်အလက်တွေကို အမြဲတမ်း ရရှိ‌ေနမယ်ဆိုတာကို မင်းသိထားသင့်တယ်။ သူ့အစ်မ လုယင်ရွဲ့ ကိုခေါ်လာခဲ့တယ်ဆိုတာလည်း သိထားတယ်"

ထိုစကားကို ကြားလိုက်ချိန်တွင် တန်ချင်းရှန် က‌မမြင်နိုင်သည့် ခုံအောက်ရှိလက်ကို တင်းတင်းဆုပ်လိုက်သည်။ "မဟုတ်ဘူး၊ အဲ့ဒါ ငါ့အမှားပဲ။ မင်းလက်ထဲမှာ ကမ္ဘာကြီးက အမြဲတမ်း ရှိနေခဲ့တယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now