6.5

3K 491 2
                                    

Unicode

ဝမ်ဇူဟေး ကသူ့ပါးကို လက်နဲ့ရိုက်လိုက်ပြီး ဖြစ်ပျက်နေခဲ့တဲ့ အရာတွေကနေ နိုးထအောင် သူဘာသာ ကြိုးစားလိုက်သည်။ မနေ့ကတုန်းကတော့ သူက ဘယ်သူမှ ဂရုမစိုက်တဲ့ သွေးနှော သွေးစုပ်ဖုတ်ကောင်သာ ဖြစ်နေခဲ့သည်။

အခုတော့ ရုတ်တရက်ဆန်စွာဖြင့် သန်မာပြီး အင်အားကြီးမားသည့် ချန်းရှုဂျင်း နဲ့အိမ်တစ်အိမ်တည်းမှာပဲ နေထိုင်နေရသည်။ ဒါတွေ အားလုံးက အိမ်မက်လို ခံစားနေရသည်။

မှန်ထဲတွင် သူ့ဘာသာ ကြည့်လိုက်သည်။ သူက အသက် ၁၃ နှစ်သာရှိသေးသည့် သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး သူ့မျက်နှာကလည်း ကလေးမျက်နှာက မပျောက်သေးပေ။ ဒါပေမဲ့ သူက လူငယ်အရွယ်ကို ဝင်ရောက်နေပြီ ဖြစ်တာကြောင့် အချိန်မကြာခင်မှာပဲ ဒါတွေက ပျောက်ကွယ်သွားလိမ့်မည်။

ဝမ်ဇူဟေး ကအသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ဘာသာ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ချန်းရှုဂျင်း ကသူ့ကို ကြင်ကြင်နာနာ ဆက်ဆံတာက ဘာကြောင့်လဲဆိုတာ သူမသိပေမဲ့ သူ့ကို ယုံကြည်နိုင်တယ်လို့ ဝမ်ဇူဟေး ခံစားနေရသည်။

ဆိုးရွားတဲ့ ရည်ရွယ်ချက် ရှိနေမယ်ဆိုရင်တောင် ချန်းရှုဂျင်း ကသူ့ကို ခေါ်လာဖို့အတွက် အကြောင်းပြချက် မလိုအပ်ပေ။ ဒါပေမဲ့ ချန်းရှုဂျင်း ကသူ့ကို ပြောခဲ့တဲ့ စကားတွေကို ဝမ်ဇူဟေး ပြန်ကြားယောင်နေဆဲ ဖြစ်သည်။

ဒါက သူ့ကို စမ်းသပ်နေတာလားဆိုတာကို သူမသိပေမဲ့ ဒါတွေက အတုအယောင်လို့ တွေးမိရင်တောင် ချန်းရှုဂျင်း ပြောသည့် စကားတွေထဲတွင် လေးနက်နေတာကို ဝမ်ဇူဟေး ခံစားမိသည်။

ဝမ်ဇူဟေး ရေချိုးခန်းထဲကနေ ထွက်လိုက်ပြီး သူ့ဆံပင်က အနည်းငယ် စိုနေတုန်းဖြစ်ကာ သူ့အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်က အိပ်ရာထဲတွင် ချက်ချင်းပဲ နှစ်မြုပ်သွားပြီး ဒါက အတော်လေး ကောင်းမွန်တဲ့ အိပ်ရာဖြစ်ကြောင်း သူပြောနိုင်သည်။

အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် ရှက်ရွံ့သည့် အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ အခုဘာလုပ်ရမယ်ဆိုတာ သူမသိပေ။ ချန်းရှုဂျင်း ကအခန်းထဲတွင် စောင့်နေမယ်လို့ ပြောခဲ့တာကိုသာ ဝမ်ဇူဟေး မှတ်မိသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Wo Geschichten leben. Entdecke jetzt