1.15

20.2K 2.1K 11
                                    

Zawgyi

“ငါ-ငါ အဆိပ်မိခဲ့တာလား?” ပိုင်မန်ရှောင် ရဲ့နူးညံ့လှတဲ့မျက်လုံးတွေက တုန်လှုပ်သွားပြီး ပြောလိုက်သည်။ သူ့အသံက တုန်လှုပ်နေသောကြောင့် ရှုယောင်ဟန် ကသူ့လက်ကို ကိုင်ထားလိုက်သည်။

“ဟုတ်တယ်၊ မင်း နှစ်လ လောက်အိပ်ပျော်သွားခဲ့တယ်။ လုပ်ကြံသူကို ရှာဖို့ ငါအကောင်းဆုံးကြိုးစားခဲ့တယ်၊ ဒါပေမဲ့ သဲလွန်စတွေ ကနေရှာဖွေတော့ ငါရှာတွေ့တဲ့ သဲလွန်စတွေက အဆုံးသတ်သွားတယ်။”

ရှုယောင်ဟန် ကစကားပြောရင်း သူ့မျက်လုံးမှာ ချစ်ခြင်းတွေပြည့်နေပြီး ပိုင်မန်ရှောင် ကိုကြည့်နေသည်။ သူ့ရဲ့လက်ကတော့ ပိုင်မန်ရှောင် အား ကြောက်ရွံ့မှုတွေ ပျောက်သွားအောင် သူ့လက်အားတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။ ပိုင်မန်ရှောင် က ရှုယောင်ဟန် အား အထိတ်တလန့်ကြည့်လိုက်ကာ မြန်မြန်ပြောလိုက်သည်။

“ငါတို့ကလေး၊ ငါတို့ကလေးလေး အဆင်ပြေရဲ့လား?” ပိုင်မန်ရှောင် ထိုမေးခွန်းကို မေးလိုက်တာကြောင့် ရှုယောင်ဟန် သူ့မျက်လုံးထဲမှ ကြောက်ရွံ့မှုတွေနဲ့ နှလုံးသားနာကျင်နေမှုတို့ကို သူတွေ့နိုင်သည်။

ဒီမေးခွန်းကို ပြန်ဖြေဖို့ သူဘာပြန်ပြောသင့်လဲ? ရှုယောင်ဟန် အဲ့စကားတွေကို မပြောချင်ဘူး၊ သူသေမဲ့ အကြောင်းကိုတောင် သူမတွေးလိုခဲ့ဘူး။ ရှုယောင်ဟန် ဟန်ဆောင်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ မင်းမွေးဖွားတဲ့ အချိန်ကျရင် မင်းခန္ဓာကိုယ်က အဆိပ်ကြောင့် သက်ရောက်မှုရှိပြီး အားနည်းနေမှာကြောင့် တခြားသူတွေက မင်းကိုဝိုင်းကူညီပေးကြမှာပါ။ စိတ်မပူပါနဲ့၊ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”

ထိုစကားတွေက ရှုယောင်ဟန် သည် ပိုင်မန်ရှောင် အစား သူ့ကိုယ်သူ သံသယတွေပျောက်သွားအောင် ကြိုးစားပြီးပြောလိုက်တာ ဖြစ်သည်။ ပိုင်မန်ရှောင် ကထိုစကားကို ကြားပြီး စိတ်သက်သာရာရသွားသည်။ သူ့ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ပြီး သူ့ဗိုက်ကို ကြည့်လိုက်ကာ သူ့မျက်နှာတွင်လည်း ပြုံးပျော်နေလေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now