2.1 That day, back in the past

29.6K 2.4K 70
                                    

Zawgyi

(System အဲ့ကမ္ဘာက ဘယ်လိုပုံစံလဲ?)

အခုကမ္ဘာက ဘယ်လိုဖြစ်မလဲဆိုတာကို ဖေချန်းချီ အတော်လေး စိတ်လှုပ်ရှားနေသည်။ ပိုင်မန်ရှောင် လိုမျိုး အခန်းကဏ္ဍတစ်ခုတည်း သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ထက် ကွဲပြားတဲ့ တခြားဇာတ်ကောင် ပုံစံဖြစ်ဖို့ကို သူမျှော်လင့်နေသည်။

[Host နောက်ကမ္ဘာကို မပို့ပေးခင်မှာ သက်ဆိုင်တဲ့ အချက်အလက်တွေ ပို့ပေးပါ့မယ်]

ဖေးချန်းချီ ကတိတ်ဆိတ်နေပြီး ပေးပို့လာမဲ့ အချက်အလက်တွေကိုသာ စောင့်နေလိုက်သည်။ သူ့ခေါင်းထဲသို့ မှတ်ဉာဏ်တွေ ဝင်ရောက်လာသည့်အခါ သူ့ခေါင်းကိုက်တာကို ခံစားရလိုက်သည်။ ထို့နောက်တွင် ဇာတ်ကြောင်းတွေက ပေါ်လာခဲ့သည်။

ဒီကမ္ဘာမှာ အဓိကဇာတ်လိုက်က နှလုံးရောဂါခံစားနေရသော လူငယ်လေး အာဗန် ဖြစ်သည်။ သူ့မှာ အစ်ကိုတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ အန်ဒီ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းပေ။ အန်ဒီ မှလွဲပြီး အာဗန် ကိုလူတိုင်းက ချစ်ခင်ကြတာကြောင့် သူတို့ရဲ့ ညီအစ်ကို ဆက်ဆံရေးကို တင်းမာလာစေသည်။

အန်ဒီ က အာဗန် ထက်အသက်နှစ်နှစ် ပိုကြီးပြီး သူကပိုရင့်ကျက်ကာ တောက်ပပြီး၊ ရွှင်ရွှင်ပြပြနေတတ်တဲ့ အာဗန် ထက်ပိုပြီးလည်း အေးစက်သည်။ အာဗန် ကအထက်တန်းကျောင်းသို့ တက်သောအခါ အမျိုးသားဇာတ်လိုက် ဒန်နီရယ် နဲ့တစ်ကျောင်းထဲဖြစ်ပြီး တွေ့ဆုံခဲ့ကြသည်။ အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်တွင် သူတို့သည် တဖြည်းဖြည်း ချစ်လာကြသည်။

ထိုအချိန်တွင်ပဲ အန်ဒီ ကနိုင်ငံခြားသို့ ကျောင်းသွားတတ်ရန် ပြောင်းရွှေ့ခဲ့သည်။ အာဗန် အသက် ၂၀ အရွယ်ရောက်သည့်အခါ သူ့ရဲ့နှလုံး‌ရောဂါ အခြေအနေက ဆိုးရွားလာပြီး ဆေးရုံသို့ တက်ခဲ့ရသည်။ သူ့နှလုံး‌ရောဂါက အခြေအနေ ဆိုးရွားတာကြောင့် အသက်ရှင်သန်နိုင်ရန်အတွက် နှလုံးအစားထိုးရန် လိုအပ်လေသည်။

အန်ဒီ ကနိုင်ငံခြားကနေ ပြန်လာပြီး၊ သူ့နှလုံးက အာဗန် နဲ့ကိုက်ညီကြောင်း တွေ့ရှိခဲ့သည်။ ဒါပေမဲ့ အန်ဒီ ကသူ့နှလုံးကို အာဗန် အတွက် စွန့်လွှတ်ပေးဖို့ လိုအပ်တယ်လို့ သူ မခံစားခဲ့ရပေ။ အာဗန် ကအိပ်စက်နေပြီး သူ့နှလုံးနဲ့ ကိုက်ညီသည့် နှလုံးနဲ့ အစားထိုးဖို့ကို စောင့်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now