6.8

2.6K 471 7
                                    

Unicode

ဒီလိုနဲ့ပဲ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ အချိန်တွေ ကုန်ဆုံးသွားသည်နှင့် လူသားတွေက သူတို့ရဲ့ အစိုးရအဖွဲ့အစည်းကို ရွေးချယ်ဖို့နဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပူးပေါင်းဖို့အတွက် စိတ်ဝမ်းကွဲလာကြသည်။ လူအများအပြားကတော့ သွေးစုပ်ဖုတ်ကောင်တွေဘက်တွင် ရပ်တည်နေကြပြီး သွေးနှောတွေကလည်း ပါဝင်လာကြသည်။

ရန်ရှီဖေး နဲ့ ထီမန်ဇောင် တို့ကလည်း သူတို့အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်ပြီး လူသားတွေရဲ့ မျက်လုံးထဲတွင် သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပုံရိပ်ကို ကောင်းမွန်အောင် လုပ်ကိုင်ကာ လူသားတွေ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းက မတရားမှုတွေကို ပေးအပ်ခဲ့သည်။

သူတို့က အဂတိလိုက်စားသည့် အစိုးရတွေနဲ့ အပြစ်သားတွေကို သတ်ပစ်ရင်း ထိုထောက်ပံ့မှုတွေကို ရလာခဲ့ကြသည်။ ပိုင်ကျန်းစု ကစကားတည်စွာဖြင့် သွေးစုပ်ဖုတ်ကောင်တွေအတွက် ကောင်းကောင်း လုပ်ပေးခဲ့ကာ သူတို့ကို ထောက်ပံ့ပေးဖို့အတွက် လျှို့ဝှက်အဖွဲ့ကိုပင် ဖန်တီးခဲ့သည်။

သွေးစုပ်ဖုတ်ကောင်တွေ လက်အောက်တွင် အလုပ်လုပ်‌ေ်နရင်း အာချင်ရဲ့ သမ္မတအနေနဲ့လည်း သူ့အလုပ်တွေကို လုပ်နေခဲ့သည်။ အခုတော့ ၃၀ ရှိပြီး သူကပဲ အာချင်ရဲ့ သမ္မတဖြစ်နေဆဲဖြစ်သည်။

ချန်းရှုဂျင်း ဘက်တွင်တော့ သွေးစုပ်ဖုတ်ကောင် အဖွဲ့အစည်းတွင် သစ္စာဖောက်သူ မရှိတာသေချာအောင် လုပ်နေခဲ့သည်။ ထိုအရာနဲ့အတူ သွေးစုပ်ဖုတ်ကောင် မုဆိုးတွေနဲ့အတူ ကြောင်ကလေးက ကြွက်ကလေးကို ကစားနေသလိုမျိုး ကစားပွဲကို စတင်ခဲ့သည်။

ငါးနှစ်တာက လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူသားတွေအကြားတွင် ရန်ငြိုးတွေနဲ့ တိုင်းပြည်ကို ပြိုပျက်စေခဲ့သည်။ တစ်ချိန်က အမြင့်တွင် ရပ်တည်ခဲ့သည့် အာချင် ကအခုတော့ လမ်းမပေါ်တွင် ဆန္ဒပြမှုများစွာကို တွေ့နေရသည်။

မြို့တော်တော်များများက ဖျက်ဆီးခံရပြီး အချိန်တိုအတွင်းတွင် ပျက်စီးသွားကြသည်။ အာချင်ရဲ့ လူဦးရေကလည်း သိသိသာသာပဲ ကျသွားခဲ့သည်။ ဒီငါးနှစ်တာ ကာလအတွင်းတွင် ဝမ်ဇူဟေး ကလည်း သူ့နာမည်ကို လူသိများလာအောင် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now