3.1 Never Forget You

22K 1.5K 26
                                    

Zawgyi

ဖေးချန်းချီ သူ့မျက်လုံးကို ဖွင့်လိုက်သည့်အခါ သက်တောင့်သက်ရှိသော အခန်းကို တွေ့လိုက်သည်။

(ဖေးရှန့်, မှတ်ဉာဏ်)

[Yes, Host]

ဒီကမ္ဘာမှာ ဖေးချန်းချီသည် ဗစ်တာစကိုင်း, အယ်လ်ဖာ ဖြစ်ပြီး၊ လူစီးယပ်စကိုင်း ဗီလိန် ရဲ့ အစ်ကိုဖြစ်သည်။ ဗစ်တာ သည် ဘုရင်အယ်လန် နဲ့ ကြင်ယာတော်ဘုရင်ရိန်း တို့ရဲ့ အကြီးဆုံးသား ဖြစ်သည်။

မိသားစုတွင် သူက အကြီးဆုံးမင်းသား ဖြစ်ပြီး အရှားပါးဆုံး အခြေအနေလည်း တွေ့ရှိခဲ့သည်။ အသက် ၁၄ နှစ်တွင် ဗစ်တာ သည် သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ pheromone ကို ထိန်းချုပ်ပြီး ဖုံးကွယ်ဖို့ သူ့ကို နိုင်ငံခြားသို့ လွှတ်လိုက်သည်။

*pheromone = သူတို့ မိတ်ဖက်နဲ့ တွေ့တဲ့အခါ ကိုယ်ခန္ဓာကနေ ဂလင်းတွေက အနံတစ်မျိုး ထုတ်လွှင့်ခြင်း

ဗစ်တာ သည် ဘယ်အယ်လ်ဖာမှ မထိန်းချုပ်နိုင်အောင် ကောင်းမွန်တဲ့ ကိုယ်ခန္ဓာဖြင့် မွေးဖွားလာသည်။ နောက်ပြီး pheromone ကို မထိန်းချုပ်နိုင်တာကြောင့် သူ့ခန္ဓာကိုယ်ကို အတားအဆီး ဖြစ်နိုင်သည်။

အိုမီဂါ ဖြစ်ဖြစ်၊ အယ်လ်ဖာ ဖြစ်ဖြစ်၊ ဗစ်တာ က သူ့တို့ရဲ့ pheromone မှာ ကျရှုံးဖို့ မတတ်နိုင်ပေ။ ထိုအရာနှင့်အတူ သူ့ကို pheromone က သက်ရောက်မှု မရှိတာကြောင့် သူ့ရဲ့ pheromone ကိုလွတ်လပ်စွာ အသုံးချပြီး လက်နက်အဖြစ် သုံးခဲ့သည်။

ထိုရလဒ်ကြောင့် အယ်လန် နဲ့ ရိန်း တို့က ဗစ်တာ ကိုကာကွယ်ဖို့ နိုင်ငံခြားသို့ ပို့ဖို့ ဆုံးဖြတ်လိုက်သည်။ ဘဝ တစ်ခု ရဲ့အခြေအနေက ဘယ်တော့မှ မလွယ်ကူပေ၊ အထူးသဖြင့် ဗစ်တာ က ဒီလိုမျိုး စွမ်းရည်မျိုးနဲ့ မွေးဖွားလာတာကြောင့် ဖြစ်သည်။

ထိုအရာက သူ့ကို ပိုပြီး အားနည်းစေကာ လူတွေက သူ့နောက်ကို လိုက်ကြသည်၊ သူတို့လူတွေတောင်မှ လိုက်ကြလိမ့်မည်။ အယ်လန် နဲ့ ရိန်း တို့က ဗစ်တာ ကို နိုင်ငံခြားပို့တဲ့အခါ ဗစ်တာနဲ့ အတူ သူတို့ ယုံကြည်ရတဲ့ လက်ထောက် သူတို့ ရဲ့ အနီးကပ်ဆုံး သူငယ်ချင်း ဗိုလ်ကြီး ကိုပါ ပို့လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now