3.12

6.3K 838 7
                                    

Zawgyi

“ကျွန်တော့်နာမည်ကတော့ အန်ဒီဂျူလီ ပါ၊ လီဘန်နွန် မှလာတဲ့ အယ်လ်ဖာ တစ်ယောက်ဖြစ်ပြီး၊ အစောင့်အသစ် ဖြစ်ပါတယ်။ ဒီနေ့က ရဲတိုက်ကို ပထမဆုံးရောက်တဲ့ နေ့ပါ၊ နောက်ပြီး ကျွန်တော်က မင်းသားဝဲလ် ရဲ့ကိုယ်ပိုင် အစောင့် ဖြစ်လာမှာပါ”

ဗစ်တာ ကသူ့ကိုသူ မိတ်ဆက်ပြီး သူ့ရဲ့လေးစားမှုကို ပြသသည့်အနေဖြင့် နည်းနည်း ဦးညွှတ်လိုက်သည်။ မိန်းကလေးကတော့ သူမလက်ထဲမှာ ဝဲလ် ကို ကိုင်ထားပေမဲ့ သူမ အမူအရာကတော့ နူးညံ့နေသည်။ သူမက မာ့ခ် ကိုလှည့်ကြည့်လိုက်သည်။

“နောက်ပြီး ရှင်ကကော ဘယ်သူလဲ?” မာ့ခ် ကသူ့ရဲ့ အေးစက်တဲ့ မျက်နှာနဲ့ ပြောလိုက်သည်။

“ကျွန်တော့် နာမည်ကတော့ ဒန်နီရယ်လာဗန်စီ ဖြစ်ပြီး လီဘန်နွန် ကလာတဲ့ အစောင့်အသစ်ပါ၊ အယ်လ်ဖာ တစ်ယောက်ဖြစ်ပြီး မင်းသားနိုင်း ရဲ့အစောင့် ဖြစ်ပါတယ်” မိန်းကလေးက သူတို့ကို ကူညီဖို့ ပို့လိုက်တာ သိသွားပြီး စိတ်သက်သာရာရသွားသည်။ မတ်တပ်ရပ်ပြီး သူမ က ဝဲလ် ရဲ့လက်ကို ကိုင်ထားကာ ပြောလိုက်သည်။

“ကျွန်မနာမည်က ရှယ်လီပါ၊ ဘီတာဖြစ်ပြီး မင်းသားဝဲလ် ရဲ့အစေခံပါ။ ကျွန်မက မင်းသား မွေးထဲက သူ့ဘေးမှာနေခဲ့ပြီး အခုထက်ထိ စောင့်ရှောက်လာခဲ့တာပါ။ ရှင်တို့ လုပ်ပေးခဲ့တဲ့ မင်းသမီးကလယ်ရာ ဆီကနေ လွတ်အောင် လုပ်ပေးတာအတွက် ကျေးဇူးတင်ပါတယ်” သူမက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ဗစ်တာက ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်သည်။

“မလိုပါဘူး၊ အဲ့ဒါက ကျွန်တော်တို့ အလုပ်ပဲလေ။ ဒီနေ့က မင်းသမီးနဲ့ တွေ့ဆုံတဲ့ ပထမဆုံးနေ့ဖြစ်ပေမဲ့ ငါတို့ အဆင်ပြေမယ်လို့ မပြောနိုင်ဘူး” ရှယ်လီ က ဗစ်တာ ရဲ့ပြန်ပြောလိုက်တဲ့ စကားကြောင့် ပြုံးလိုက်သည်။ ထိုနောက် သူ့ရဲ့ အာရုံစိုက်မှုကို ပြန်ရရှိဖို့ ဝဲလ် ရဲ့လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်သည်။

“မင်းသား?” ဝဲလ် ကသူမကို စိုက်ကြည့်လိုက်ပြီး မျက်လုံးတွေကတော့ မှောင်မဲနေပြီး အသက်မဲ့နေကာ နောက်ဆုံးတော့ ဗစ်တာ နဲ့ မာ့ခ် ကို လှည့်ကြည့်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now