3.19

6.3K 821 10
                                    

Zawgyi

(ဖေးရှန့်၊ ဒီနေရာက လူတိုင်းကို မင်း စစ်ဆေးနိုင်လား?)
[Host အိမ်ရာရဲ့ ပတ်ပတ်လည်မှာ အစောင့် အယောက် ၂၀ ရှိပါတယ်၊ ဒါပေမဲ့ ဒီမှာ လျှို့ဝှက်ဝင်ပေါက်တစ်ခု ရှိတယ်။ လမ်းကြောင်းကို လိုက်ပြီး အနီရောင် အုတ်ကို တွန်းလိုက်ရင် ဝင်ပေါက် ပွင့်လာပါလိမ့်မယ်။ ဝင်ပေါက်က အိမ်ရာရဲ့ မြေအောက်ခန်းဆီကို ဦးတည်သွားပါတယ်။ မင်း သွားတဲ့အချိန်မှာ သတိထားဖို့ လိုတယ်။ အဲ့နေရာမှာ ရေး တစ်ယောက်ထဲ ရှိနေတာ မဟုတ်ဘူး။ တခြားလူတွေလဲ ရှိနေတယ်]

(ကောင်းပြီ၊ ကျေးဇူး၊ ငါတို့ သွားတဲ့ လမ်းမှာ အစောင့်တွေကို ကြည့်ပေးထားဦး)

[ဟုတ်ကဲ့ Host]

ဗစ်တာ က မာ့ခ် ကိုလှည့်ကြည့်လိုက်ပြီး သူ့လက်ကို တင်းကြပ်စွာ ဆွဲလိုက်ပြီး ရှင်းလင်းနေတဲ့ လမ်းကို ကြည့်လိုက်သည်။

[Host ရှင်းတယ်၊ လမ်းကြောင်း နောက်ကို ဆက်လိုက်ပြီး အနီရောင် အုတ်ကို တွန်းလိုက်ပါ။ အစောင့်တွေကို တွေ့ရင် ငါသတိပေးပါ့မယ်]

(ကျေးဇူး၊ ဖေးရှန့်)

ပြောပြီးနောက် ဗစ်တာ ကစတင်လျှောက်လိုက်ပြီး အစောင့်တွေကို သတိထားကာ မာ့ခ် ကိုသူ့နောက်က ဆွဲလိုက်သည်။ ဗစ်တာ ကဆက်လျှောက်သွားပြီး ဖေးရှန့် ပြောတဲ့ အနီရောင်အုတ်ဆီကို မရောက်ခင်အထိ လျှောက်လိုက်သည်။

နောက်ပြီး ဘာမှမပြောတာကြောင့် အုတ်ခဲကို တွန်းလိုက်သည်။ လမ်းက ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး လှေကားကို တွေ့လိုက်တာကြောင့် မာ့ခ် ကိုလှည့်ကြည့်လိုက်သည်။

“အဆင်သင့်ပဲလား?” ဗစ်တာ က မာ့ခ် ကိုကိုင်ထားတဲ့ သူ့လက်ကို မလွှတ်ပဲ မေးလိုက်သည်။ မာ့ခ် ရဲ့မျက်လုံးထဲမှာ ချစ်ခြင်းတွေကို ဖုံးကွယ်ထားခြင်းမရှိပဲ ဗစ်တာ ကိုကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“အင်း သွားရအောင်” တခြားဘာစကားမှ မပြောပဲ သူတို့ ဝင်လိုက်ကြပြီးနောက် လမ်းကြောင်းက ပြန်ပိတ်သွားသည်။ လူစီးယပ် သူ့လက်ကို တင်းတင်းဆုပ်လိုက်သည်။ သူက သူ့ရဲ့ တိုက်တွန်းချက်တစ်ခုစီနဲ့ တိုက်ခိုက်နေပြီး ဒီနေရာကနေ ထွက်သွားပြီး ရေး ကိုခေါ်ထုတ်သွားသင့်တယ်လို့ ပြောနေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now