5.18

2.3K 376 2
                                    

Unicode

တန်ဒိုးရာခိမိ က အိုတရှီဟိဒဲအို ကိုသူ့အမုန်းတရားတွေကို မဖုံးကွယ်ထားပေ။ ဒါက ရပ်တန့်ခိုင်းခဲ့တာ မဟုတ်ရင် တန်ဒိုးရာခိမိ ကသူ့ကို မမှတ်မိလောက်သည်အထိ ဒဏ်ရာတွေ ရသွားအောင် လုပ်လိမ့်မည်။

နာရိဇာဇဲနို ကလည်း သူနဲ့ တိုက်ခိုက်နေတဲ့ ထူးဆန်းတဲ့ လူဆီကနေ ဘာအချက်အလက်ကိုမှ မရရှိပေ။ ထိုအချက်ကြောင့် ဘာကိုမှ သတိမပေးပဲ ရပ်တန့်ခိုင်းခဲ့တာကြောင့် တန်ဒိုးရာခိမိ စိတ်ပျက်သွားသည်။

သူက နာရိဇာဇဲနို ကိုကြည့်လိုက်ပြီး နာရိဇာဇဲနို ကသူ့အကြည့်ကို တွေ့လိုက်ပြီး သူ့အနားကို တိုးသွားလိုက်ကာ တန်ဒိုးနာအိုခိ ရဲ့လက်ထဲက သေတ္တာကို ကြည့်နေကြတဲ့ လူတိုင်းအနားကို တိုးသွားလိုက်သည်။

နာရိဇာဇဲနို ကဒီလိုမျိုး ရပ်ခိုင်းလိုက်တာကြောင့် စိတ်ပျက်သွားစဉ် ဒီအရာကြောင့် ဘာတွေက ပြောင်းလဲလာတော့မလဲဆိုတာ သိနေခဲ့သည်။ ဒီအရာက တန်ဒိုးအခိရာမ လုပ်ခဲ့တာနဲ့ ပတ်သတ်နေကြောင်းလည်း သိတာကြောင့် သူ့နှလုံးသားထဲတွင် နည်းနည်းစိုးရိမ်သွားခဲ့သည်။

“ဒါကဘာလဲ?” လူတိုင်းက သေတ္တာကို ကြည့်နေကြစဉ် တန်ဒိုးယူအီ ကအခန်းထဲက တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖျက်လိုက်သည်။

ရှီရူဆာခူရာ ကသေတ္တာကို ကြည့်လိုက်ရင်း သူမဆီကို တန်ဒိုးအခိရာမ ကကြည့်နေတာကို မြင်လိုက်ပြီး စိုးရိမ်လာခဲ့သည်။ ဒီထောင်ချောက်က သူမအတွက် စီစဉ်ထားတာလား? ဒါပေမဲ့ သူမ တခုခုကို လုပ်ခဲ့ရင် လူတိုင်းက သူမကို သံသယဝင်လိမ့်မည်။

ထို့နောက် သူမက အဲစွတ်ခိုဆူခဲ ကိုထူးဆန်းသည့် အကြည့်နဲ့အတူ ကြည့်လိုက်သည်။ အဲစွတ်ခိုဆူခဲ ကခေါင်းညိတ်လိုက်ပြီး သူမက ဘာကို အချက်ပြလဲဆိုတာကို ရလိုက်ပြီး သူ့အင်္ကျီလက်အောက်ကနေ နာရီက ခလုတ်ကို နှိပ်လိုက်သည်။

တန်ဒိုးနာအိုခိ က သေတ္တာကို ဖွင့်နေရင်း သူ့မျက်လုံးတွေက စိုက်ကြည့်နေခဲ့သည်။ သေတ္တာအတွင်းတွင် စာရွက်စာတမ်းတွေက နေရာယူနေခဲ့သည်။ ရုတ်တရက် စာရွက်စာတမ်းက ခေါင်းစဉ်ကို ကြည့်လိုက်ပြီး သူ့ဒေါသတွေက မြင့်တက်လာခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now