6.14

2.2K 402 2
                                    

Unicode

"သခင်လေးဝမ်၊ ဒီနေ့ ကျွန်မကို လာတွေ့ဖို ဆုံးဖြတ်လိုက်တာက ကျွန်မအတွက် အကြီးမားဆုံး ကံကောင်းခြင်းပါပဲ" ဝမ်ဇူဟေး ရဲ့မျက်နှာချင်းဆိုင်တွင် လှပသည့် အပြုံးဖြင့် အမျိုးသမီးတစ်ယောက် ထိုင်နေခဲ့သည်။

သူမနာမည်က ထင်ဘိုင်ဟွာ ဖြစ်သည်။ သူမဘေးတွင် သူမအစ်ကို ထင်ဇောင်ရွှီ ကအေးစက်သည့် မျက်နှာအမူအရာဖြင့် ထိုင်နေခဲ့သည်။

ဝမ်ဇူဟေး ကအပြုံးဖျော့လေးဖြင့် သူတို့ရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့မျက်လုံးတွေက နူးညံ့သိမ်မွေ့နေသည်။ သူ့ရဲ့ ချောမောခန့်ညားသည့် မျက်နှာက သူ့ရဲ့စိတ်ထား၊ ကြင်နာမှု၊ ဂရုစိုက်မှုတို့ဖြင့် လင်း‌ေနကာ လူကြီးလူကောင်း တစ်ယောက်ဆိုတာကို ပြောနိုင်‌ေစသည်။

"ဒါတွေက ထည့်ပြောစရာမလိုပါဘူး၊ ဒီကိစ္စက သေးငယ်တဲ့အရာပါ။ မိန်းကလေးထင်နဲ့ သခင်လေးထင်တို့က ဒီနေ့ ကျွန်တော့်ကို ဒီကိုဖိတ်ခဲ့တာအတွက် ကျေးဇူးတင်ပါတယ်" ဝမ်ဇူဟေး ရဲ့အသံက နူးညံ့ညင်သာပြီး ပျော့ပြောင်းနေခဲ့ပြီး သူ့အပြုအမူတွေက မှားယွင်းနေလားဆိုတာကို ဘယ်သူမှ သတိမထားမိပေ။ သူ့စကားလုံးများတွင် အရမ်းကို ဂရုတစိုက်ဖြင့် ပြောဆို‌ေနခဲ့ပြီး ထိုအရာကပဲ သူ့အား ပိုပြီးထူးခြားစေခဲ့သည်။

ထင်ဘိုင်ဟွာ ကတော့ ပြုံးလိုက်ပြီး ဝမ်ဇူဟေး ရဲ့တုန့်ပြန်မှုကြောင့် မျက်လုံးများ တောက်ပသွားသည်။ သေးငယ်တဲ့ ပရိယာယ်ဆိုတာ ထင်ရှားနေပေမဲ့ သူမက မြန်မြန်ဆန်ဆန်ပဲ ဖုံးကွယ်လိုက်သည်။ ဝမ်ဇူဟေး သည်ခန့်ညားသည့် လူတစ်ယောက်ဖြစ်ပြီး ပေါများသည့် ‌ေငွကြေးနဲ့ ချမ်းသာပြီး အင်အားကြီးသည့် ဝမ်းကွဲလဲရှိသည်။ အခက်အခဲများစွာမရှိဘဲ ဝမ်ဇူဟေး သည်အမွေဆက်ခံသူ တစ်ဦးဖြစ်လာမှာ သံသယရှိရန်ပင် မလိုပေ။

"သခင်‌ေလးဝမ်၊ ငါ့ညီမက ငယ်သေးတယ်၊ ဒါကြောင့် နည်းနည်းတော့ မိုက်မဲတယ်။ သူမမင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိရင် သူမလုပ်ရပ်ကို စိတ်ထဲမထားပါနဲ့" ထင်ဇောင်ရွှီ ကသူ့ရဲ့ အေးစ်သည့် အသံဖြင့် ပြောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now