7.5

2.1K 309 5
                                    

Unicode

"ငါတို့ လုပ်နိုင်ပြီ" ဘေးမှစိတ်သက်သာရာရသည့် အသံကို ကြားလိုက်ရသည်။

လုဖန်မိန် က တန်ချင်းရှန် ဘက်လှည့်လိုက်သည်။ မြင်းဖြူကိုစီးရင်း လုဖန်မိန် ကပြုံးနေရင်း မြင်းဇာတ်ကြိုးကို ဆွဲထားသည်။ တစ်ပတ်ကြာပြီးနောက် တောင်ပေါ်မှဆင်းပြီး မိုတိုင်းပြည်ကို ခရီးဆက်လာခဲ့ကြသည်။ တန်ချင်းရှန် ကကြီးမားသည့် အနက်ရောင် စစ်မြင်းကို စီးထားပြီး သူ့ပုံစံသည် ဖြောင့်မတ်‌ေနသည်။

သူတို့ဘေးတွင် ဂျန်နန်ကျန်း နဲ့ လုယင်ရွဲ့ တို့ကလည်း မြင်းစီးထားကြပြီး ခရီးသွားဖို့ ရက်အနည်းငယ်သာ အသုံးပြုခဲ့တာကြောင့် ပစ္စည်း‌ေတွ အများကြီးမပါပဲ သွားခဲ့ကြသည်။

တန်ချင်းရှန် ရဲ့စစ်သား အရေအတွက်မှာ နည်းပါးသော်လည်း သစ္စာရှိ စစ်သား‌ေတွကိုသာ လေ့ကျင့်သင်ကြားခဲ့တာကြောင့် သူ့စစ်သားတေွက သန်မာကြသည်။

လွန်ခဲ့သော တစ်ပတ်က လုဖန်မိန် က တန်ချင်းရှန် အားကူညီရန် အစီအစဉ်တစ်ခု ကမ်းလှမ်းခဲ့သည်။ ယုံကြည်လောက်သည့် အချက်အများကြီး မရှိပေမဲ့ တန်ချင်းရှန် ကသဘောတူခဲ့ပြီး သူတို့ တတ်နိုင်သလောက် မြန်မြန် စတင်ထွက်ခွာခဲ့ကြသည်။ သူတို့ရဲ့ အစီစဉ်အတိုင်း တန်ချင်းရှန် ကသူပြန်ပြီဖြစ်ကြောင်းကို ဧကရာဇ်မိုချော ကိုသတင်းပို့ခဲ့သည်။

လုဖန်မိန် ကမြင်းဇာတ်ကြိုးကို ကိုင်ထားရင်း တခြားလက်တစ်ဖက်က ပိုင်ရဲ့အမွှေးတွေအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူတို့ မထွက်ခွာခင်မှာ တန်ချင်းရှန် ကဒီမြင်းအား သူ့ကို လက်ဆောင်ပေးခဲ့သည်။ ပိုင် ကအရမ်းကို လှပပြီး သူ့တစ်ကိုယ်လုံးက နှင်းလိုဖြူဖွေးသည်။

ပိုင် ကအရမ်းကို နူးညံ့တာကြောင့်  လုဖန်မိန် နဲ့သင့်တော်တယ်လို့ တန်ချင်းရှန် ခံစားခဲ့ရသည်။ မြင်းကို ပေးလိုက်ပြီး လုဖန်မိန် ကထိုမြင်းအား ပိုင် လို့နာမည်ပေးခဲ့သည်။ ထိုနာမည်က ရိုးရှင်းပေမဲ့ ဒီရိုးရှင်းတဲ့ နာမည်က ဒီလိုလှပသည့် ဖန်တီးမှုတွေနဲ့သာ လိုက်ဖက်တယ်လို့ လုဖန်မိန် ခံစားရသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now