6.17

2.1K 339 1
                                    

Unicode

AN: ရှင်းလင်းချက်။
ဖေးချန်းချီ - အဓိကဇာတ်ကောင်
ဇူးလုံဝမ် - ဇာတ်လိုက်
ဖေးရှန့် - System / ဖေးချန်းချီ ရဲ့မွေးစားညီ
ဇူးလုရွှီ - ဇူးလုံဝမ် ရဲ့အစ်ကို
ပိုင်ချန် / ဆုပိုင်ချန် - ဗီလိန် (သို့) အရာအားလုံးရဲ့ နောက်ကွယ်ကလူ
ရွယ်လု / ဝေရွယ်လု - ပိုင်ချန် ရဲ့သစ္စာရှိနောက်လိုက် / ကြီးမားသည့် နောက်ခံရှိသူ
ဇာတ်လမ်းအတွင်း ဖေးချန်းချီ ရဲ့အတိတ်က မှတ်ဉာဏ်တွေ ပြန်မှတ်မိလာတာတွေ ပါဝင်ပါလိမ့်မယ်။

--------

ချီဝူလော့ မျက်လုံးဖွင့်လိုက်သည်။ သူသတိမလစ်ခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား ပြန်စဉ်းစားလိုက်ရင်း သူတကယ်ပဲ မှားယွင်းသွားကြောင်း သိခဲ့သည်။ ထိုအကြောင်းကိုတွေးရင်း မျှော်လင့်ချက်မဲ့စွာဖြင့် သူ့လက်ကိုလှုပ်ရှားရန် ကြိုးစားလိုက်သည်။

ချီဝူလော့ သူ့ဘေးကို ကြည့်လိုက်ချိန်တွင် ဗန်ပိုင်းယား အရှင်သခင် မဟုတ်ပဲ ဆက်ခံသူဖြစ်နေတာကို တွေ့လိုက်ရသည်။ အခုလက်ရှိ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူသေချာမသိ‌ေပမဲ့ တခြားအစီအစဉ်အား သူကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ခြေရာခံစက်ကို တပ်ထားခဲ့သည်။ ထိုစက်အား ဘယ်သူမှ မတွေ့နိုင်အောင် သွားထဲတွင် ထည့်ထားခဲ့သည်။ နောက်ဘာတွေ ဖြစ်ပျက်လာမလဲဆိုတာကိုပဲ သူစောင့်နေခဲ့သည်။

ဝမ်ဇူဟေး နိုးလာချိန်တွင် ဒဏ်ရာရရှိခဲ့သည့် နေရာ အစာအိမ်ဘက်ခြမ်းက နာကျင်နေသည်။ ဗန်ပိုင်းယားတွေရဲ့ ဒဏ်ရာတွေက မြန်မြန်ပျောက်ကင်းပေမဲ့ ထိုဒဏ်ရာရခဲ့တာက ‌ေငွဓားကနေဖြစ်သည်။ ‌နောက်ဆက်တွဲ ဒဏ်ရာတွေက သူမျှော်လင့်ထားတာထက် ပိုကြာနုိင်လိမ့်မည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ငွေဖြင့် ထုပ်ထားတာကြောင့် ခုခံဖို့ တွန်းလှန်နိုင်စွမ်း မရှိသလောက်ပင်။

ဝမ်ဇူဟေး က ချီဝူလော့ ကိုကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ကာ နံရံနဲ့မှီပြီး ထိုင်လိုက်သည်။

"ကြည့်ရတာ ငါတို့ ဒီမှာခဏလောက် နေရလိမ့်မယ်ထင်တယ်" ဝမ်ဇူဟေး နိုးလာတာကို မြင်လုိက်သည်နှင့် ချီဝူလော့ ပြောလိုက်သည်။ ဆူဟီးလျန် ကိုသူစိတ်ပူပေမဲ့ သူ့ကိုဆန့်ကျင်ဖို့အတွက် ဆူဟီးလျန် အားလိုအပ်ကြောင်းကို သူသိ‌‌ေနခဲ့သည်။ "မင်းရဲ့နာမည်ကို မင်းတစ်ခါမှ မပြောဖူးဘူး။ ဒါကြောင့် ငါတို့ ပြန်မိတ်ဆက်ကြမယ်။ ငါ့နာမည်က ချီဝူလော့၊ အသက် ၁၉ နှစ်ရှိပြီး ဟန်တာအဖွဲ့ရဲ့ ခေါင်းဆောင်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now