3.19.5

9.1K 970 20
                                    

Zawgyi

နှစ်နှစ်ကြာပြီးနောက် ဗစ်တာ ကဒီကမ္ဘာတွင် ဆက်လက်နေထိုင်ခဲ့သည်။ သူ့တာဝန်တွေ ပြီးဆုံးသွားပြီး ဒီကမ္ဘာမှာ ဆက်နေရတာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ ဒါပေမဲ့ သူ မာ့ခ် ရဲ့ဘေးမှာ နေချင်ခဲ့သည်။

သူသာ အရင်က ကမ္ဘာတွေမှာ ဆက်ပြီး နေထိုင်ခဲ့ရင် ဘယ်လို အခြေအနေတွေ ရှိလာမလဲဆိုတာ သူအမြဲတမ်း စဉ်းစားမိသည်။ ဒါပေမဲ့ အဲ့အချိန်တုန်းက အမျိုးသား ဇာတ်လိုက်ရဲ့ ကိုယ်ထဲမှာရှိတဲ့ ဝိဉာဉ်ကို သူမချစ်သေးဘူး။ ဗစ်တာ ခန္ဓာကိုယ်ကို ယူပြီး အသစ်ဖြစ်သွားသည့် အခါတိုင်း အမျိုးသား ဇာတ်လိုက်လဲ ပြောင်းလဲသွားသည်။

သို့သော် အဲ့ဒါက အတိတ်မှာ ဖြစ်သည်။ အခုတော့ မာ့ခ် ကသူ့ဘေးမှာ ရှိပြီး ဒါတွေအားလုံးက ကိစ္စရပ်တွေပဲ။ လွန်ခဲ့သော နှစ်နှစ်က ရေး နိုးလာပြီးနောက် လူစီးယပ် ကသူ့ခံစားချက်တွေကို ဝန်ခံခဲ့သည်။

တစ်နှစ်ကြာပြီးနောက် သူတို့ လက်ထပ်ခဲ့ပြီး ဗစ်တာ နဲ့ မာ့ခ် တို့ကတော့ လက်မထပ် ရသေးပေ။ ရာဗန် ကလည်း ပြောင်းလဲသွားတာကြောင့် ဗစ်တာ အတော်လေး အံ့အားသင့်သွားသည်။ တော်ဝင်မိသားစုက ဘဲလက်မိသားစုကို ဆွဲချဖို့ ကူညီပေးပြီးနောက် ရာဗန် ကစစ်သားတွေနဲ့ပဲ အချိန်ဖြုန်းခဲ့ပြီး နစ် နဲ့တွေ့ဆုံခဲ့ပြီး ချစ်သွားကြသည်။

လူစီးယပ် နဲ့ ရေး တို့လက်ထပ်ပြီး မကြာခင်မှာ သူတို့လည်း လက်ထပ်သွားကြပြီး ရာဗန် မှာ ကိုယ်ဝန်ရှိနေခဲ့သည်။ ငါးလကြာပြီးနောက် ရာဗန် ကသူ့ဘဝကို ရွေ့လျားနေခဲ့ပြီး ကောင်းကောင်း မွန်မွန် နေနိုင်ခဲ့လို့ ဗစ်တာ အံ့ဩမိသည်။

“ဗစ်” လူစီးယပ် ကစိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်ပြီး သူ့ဘေးသို့ ပြေးလာခဲ့သည်။ ဗစ်တာ က လူစီးယပ် ကိုကြည့်လိုက်သည်။

“မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ? မင်း နဲ့ ရေး တို့ အားလပ်ရက် သွားနေကြတာလို့ ထင်နေတာ” လူစီးယပ် ကသူ့ကို မှီလိုက်တာကြောင့် ဗစ်တာ မြန်မြန်ပဲ ဖက်လိုက်သည်။

“ကျွန်တော်တို့ အဲ့လို လုပ်ခဲ့ပေမဲ့ ရေး က မာ့ခ် နဲ့အရေးကြီးတဲ့ ကိစ္စလုပ်စရာရှိတယ်လို့ ပြောတယ်။ ဗိုလ်ကြီး တစ်ယောက်ဖြစ်လာပြီးနောက်မှာ သူက ပိုပြီး အလုပ်များလာခဲ့တယ်။ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိပေမဲ့ အများဆုံးတွေးမိတာကတော့ အစ်ကို ပဲ”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now