20...

728 101 5
                                    

Unicode

မန်ရှင်းတောင်ကြား အပေါ်ရှိ လေထုက မဲမှောင်နေသည်။ အပေါ်ဘက်တွင် မဲမှောင်သည့် တိမ်ထုက ရှိနေပြီး လူတွေရဲ့ နှလုံးသားထဲတွင် ဝရုန်းသုန်းခါး ဖြစ်နေခဲ့သည်။

ဖေးချန်းချီ ကအပြင်ကို ကြည့်လိုက်သည်။ သူ့တောက်ပခဲ့သည့် အပြာရောင် မျက်လုံးတွက မဲမှောင်နေပြီး အသက်မဲ့ကာ ဘာခံစားချက်မှ ရှိမနေပေ။ သူ့လက်ထဲတွင် နဂါးတံဆိပ်ပြားအား တင်းကြပ်စွာ ကိုင်ထားခဲ့သည်။ အခု သူဘာတွေ ဖြစ်လာမှာလဲ? သူတောင် မသိပေ။

ဆက်လက်ဖြစ်နေသည့် အရာတွေက အရမ်းများနေပြီး သူ့ကိုယ်တွင် မတူညီသည့် ခံစားချက်တွေက ထွက်ပေါ်နေခဲ့သည်။ အသံက ပိုကျယ်လာရင်း ဖေးချန်းချီ ကတဖြည်းဖြည်း ရှုပ်ထွေးလာခဲ့သည်။

ဒေါသ၊ နာကျင်မှုနဲ့ သစ္စာဖောက်ခံရမှုတွေကို ခံစားနေခဲ့ရသည်။ သူ့သွေးကြောထဲတွင် ဒေါသတွေက မြင့်တက်လာခဲ့သည်။ သို့သော် သူထိန်းထားခဲ့သည်။ သူ့စိတ်က တဖြည်းဖြည်း ပျောက်ဆုံးလာတာတောင် သူထိန်းထားခဲ့သည်။

ဖေးချန်းချီ ရဲ့အဖြူရောင် ဆံပင်တွေက ရှုပ်ပွနေခဲ့သည်။ ထိုလူက ထပ်ပြီးမချည်နှောင် ပေးတော့ပေ။ ဒါက ဘယ်လောက်ကြာပြီလဲ? ရက်အနည်းတုန်းက ပိုင်ချန် က ဟုန်မိုင်ဝေ့ နဲ့ပျော်ရွှင်စွာ လက်ထပ်သွားခဲ့သည်။

ဖေးချန်းချီ ကသူ့ခေါင်းကို စောင်းလိုက်ပြီး သူ့အားတိုက်ခိုက်လာသည့် နာကျင်မှုလှိုင်းကြောင့် မျက်လုံးတွေကို မှိတ်လိုက်သည်။ ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ? သူ ပိုင်ချန် နဲ့တွေ့ဆုံတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။

ထိုလူက သူ့အတွက် နေရာအသစ်တစ်ခုကို ခေါ်ဆောင်သွားခဲ့တယ်။ နောက်ပြီး သူက ဖေးချန်းချီ အမြဲတမ်း ရှာဖွေခဲ့တဲ့သူပဲ။ ဒီလူအတွက် ဖေးချန်းချီ ကအကြောက်တရားတွေကို ဖယ်ထုတ်ခဲ့ပြီး သူ့ရဲ့အစိတ်အပိုင်း အားလုံးကို လက်လွှတ်ကာ ပြောင်းလဲခဲ့သည်။ ဒါတောင်မှ မလုံလောက်ခဲ့ပေ။

ထိုလူက ပြုံးပြခဲ့ပြီး သူ့ကို အမြဲတမ်း ချစ်နေမယ်လို့ ပြောခဲ့သည်။ သို့သော် ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ထိုလူက ဒီစကားတွေကို ဘယ်တော့မှ ထပ်မကြားရတော့ပေ။ ဒါက ဖေးချန်းချီ ရဲ့လိုအပ်နေတဲ့ အပေါက်တွေကို ဖြည့်ပေးနိုင်ပြီး ဒီလူကတော့ သူ့ကိုချစ်ဟန်ဆောင်ခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now