4.13

4.7K 649 19
                                    

Zawgyi

ကင်ဂျီယောင်း စိုးရိမ်စွာနဲ့ တံခါးကို ကြည့်လိုက်သည်။ ဂျီဆိုးယူ ကိုပြန်ကြည့်လိုက်ပြီး ကင်ဂျီယောင်း တိတ်ဆိတ်စွာ ထ,ရပ်လိုက်ပြီး တံခါးဆီကို သွားလိုက်သည်။ အပေါက်ကနေ ချောင်းကြည့်လိုက်ပြီး ထိုနေရာတွင် အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။ ပထမဆုံး အကြည့်နဲ့တင် သူ့ကို စိုးရိမ်သွားစေသည်။

ဒီအခြေအနေက သံသယဖြစ်ဖွယ်ဆိုတာကို ကင်ဂျီယောင်း သိသည်။ ဘာပဲဖြစ်ဖြစ် တံခါးကို မဖွင့်ပေးပေ။ ကင်ဂျီယောင် မြန်မြန်ပဲ ဂျီဆိုးယူ ဆီကို လှည့်သွားပြီး လျှောက်သွားလိုက်သည်။

“ဘာဖြစ်လို့လဲ? ဘယ်သူလဲ?” ဂျီဆိုးယူ က ကင်ဂျီယောင်း ကိုကြည့်ပြီး အဝေးကနေ သူ့ကို စစ်ဆေးကြည့်လိုက်သည်။ ကင်ဂျီယောင်း ကအနောက်ကို ဆုတ်လိုက်ပြီး သူ့ခေါင်းကို ခါလိုက်ကာ ပြန်ဖြေလိုက်သည်။

“ငါက လူဆိုးမဟုတ်ပါဘူး။ လီရှင်းဝူ ကသူလုပ်စရာရှိလို့ မင်းကို စောင့်ကြည့်ထားပေးဖို့ ငါ့ကို ပြောခဲ့တယ်” ထိုစကားတွေကို ပြောရင်း တံခါးအပြင်ဘက်မှ ခြေသံများများကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ထိုအသံတွေကို ကြားလိုက်ရတာကြောင့် ပိုပြီးတော့ မငြိမ်မသက်ဖြစ်သွားသည်။ သူမ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားပြီး သူမမျက်လုံးတွေက ပိုပြီးတော့ ကျဉ်းမြောင်းသွားသည်။

ကင်ဂျီယောင်း တံခါးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ့အာရုံကြောတွေက လှုပ်ရှားသွားသည်။ ဒီလူတွေက ဒီနေရာကို သေချာပေါက်ကို ပစ်မှတ်ထားတာ သေချာတယ်။ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူတို့ လွတ်မြောက်ဖို့ နည်းလမ်းကို တွေးတောလိုက်သည်။ လီရှင်းဝူ နဲ့ မင်ယောင်ဂျွန် တို့လိုမျိုး စွမ်းရည်သာ သူ့တွင်ရှိရင် ဒီအခြေအနေက ဆိုးရွားမှာမဟုတ်ပေ။

တံခါးခေါက်သံက ပိုပြီး ကျယ်လောင်လာပြီး အပြင်ဘက်က လူတွေက ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို ကင်ဂျီယောင်း သိရှိပြီးဖြစ်သည်။ သူတို့က အခန်းတစ်ခန်း မဟုတ်ရင် ထောက်ပံ့ရေး ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားနေကြတာ ဖြစ်နိုင်သည်။ ကင်ဂျီယောင်း တွင်စွမ်းရည် ရှိနေရင် သူတောင် ဘာမှလုပ်စရာမလိုပဲ အရာရာတိုင်းက ပိုပြီးအဆင်ပြေ လွယ်ကူသွားလိမ့်မည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now