4.5

6.5K 837 4
                                    

Zawgyi

လီရှင်းဝူ အတွက်အိမ်ပြန်ဖို့က မခက်ခဲပေ၊ နောက်ဆုံးတွင် သူ့အိမ်ကို ဝင်ရောက်ချိန်တွင် ဆူပူမှုတွေ ဖြစ်ပွားလာသည်။ လီရှင်းဝူ တံခါးအပြင်တွင် မတ်တပ်ရပ်နေပြီး မင်ယောင်ဂျွန် နဲ့တခြားအထုတ်အပိုးတွေမှာ စိတ်ရှုပ်ထွေးနေသည်။

“တခုခုဖြစ်လို့လား?” မင်ယောင်ဂျွန် က လီရှင်းဝူ စိတ်ရှုပ်နေတဲ့မျက်နှာကို မြင်ပြီး မေးလိုက်သည်။ လီရှင်းဝူ ကတံခါးကို နှစ်စက္ကန့်လောက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“အဲ့ဒါက ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ထို့နောက် လီရှင်းဝူ ကတံခါးက လက်ကိုင်ဘုကို ကိုင်ပြီး ဖွင့်လိုက်သည်။ သူ့လက်တွေက တုန်ခါနေပြီး တံခါးကို ဖွင့်လိုက်သည်။ လီရှင်းဝူ ကသူ့မိသားစုက သူရုတ်တရက် ပေါ်လာတာကို မလန့်သွားဖို့ အရင်ဝင်လိုက်သည်။

မင်ယောင်ဂျွန် ကစိတ်ရှုပ်နေပေမဲ့ လီရှင်းဝူ ကိုကြည့်ပြီး သူ့နောက်ကနေ လိုက်ဝင်လိုက်သည်။ မင်ဂျိုဆွန် နဲ့ ယိုဂျင်းဆော့ ကလည်းသူတို့ လက်တွေကို ကိုင်ထားရင် လိုက်ဝင်ကြပြီး သူတို့ကိုယ်တွေကလည်း အနည်းငယ် တောင့်တင်းနေကြသည်။ ဂျီဆိုးယူ ကအရင်ဆုံး တွေ့သွားလေသည်။

“မေမေ! ဖေဖေ! ကိုကို ပြန်လာပြီ!” ထိုစကားကို ပြောရင်း သူ့ဆီကို ပြေးလာတာကြောင့် လီရှင်းဝူ ကဒူးထောက်လိုက်ပြီး သူ့လက်ကို ဖွင့်လိုက်ကာ ဂျီဆိုးယူ ကိုဖက်လိုက်သည်။

“ဟေး၊ နေကောင်းရဲ့လား?” လီရှင်းဝူ ကသူမကို ချီလိုက်ပြီး သူမရဲ့ ဆူပုတ်နေတဲ့မျက်နှာလေးကို ကြည့်လိုက်သည်။

“ကိုကို၊ မေမေက ကိုကို့ကို သတ်တော့မယ်” ဂျီဆိုးယူ က လီရှင်းဝူ ရဲ့နားနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် သူမက မင်ယောင်ဂျွန် ကိုကြည့်ပြီး မင်ဂျိုဆွန်း နဲ့ ယိုဂျင်ဆော့ တို့ကို ကြည့်လိုက်သည်။

“ဟယ်လို ကိုကို့သူငယ်ချင်းတွေ” မင်ယောင်ဂျွန် ကပြန်ပြုံးပြလိုက်ပြီး သူ့လက်ကို ဝေ့ယမ်းပြလိုက်သည်။ လီရှင်းဝူ က ဂျီဆိုးယူ ကိုချီထားတာကို ကြည့်ရင်း ရင်းနှီးတဲ့ပုံစံမျိုး သူ့စိတ်ထဲတွင် ပေါ်လာသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now