Extra 6

928 87 1
                                    

Unicode

ဘဝက လှည့်စားမှုတွေ ပြည့်နေတာကို ချီဝူလော့ မသိခဲ့ပေ။ သူက ဘဝတစ်ဝက်ကို ကျော်ဖြတ်ပြီး ဒီနေ့ဆိုသည့်သူဖြစ်လာမယ်လို့ ထင်မထားခဲ့ပေ။

ရက်စုနှစ်တွေတုန်းက သူက ဟွမ်ဇိုက်ဂျန် လို့ခေါ်သည့် လူသားဖြစ်ခဲ့သည်။ သူချစ်မိခဲ့ပြီး ဒီအချစ်ကြောင့်ပဲ သူ့ကိုယ်သူ သတ်သေခဲ့သည်။ သူနိုးလာချိန်တွင် သူက ဟွမ်ဇိုက်ဂျန် မဟုတ်တော့ပဲ ချီဝူလော့ ဖြစ်နေခဲ့သည်။ သူက သူ့အတိတ်ကို ထားရစ်ခဲ့ပြီး တခြားလူတစ်ယောက် ဖြစ်လာခဲ့သည်။ အနာဂတ် နှစ်ပေါင်း ၅၀၀ ကလာခဲ့သည့် ချီဝူလော့ ကကမ္ဘာအသစ်တွင် အလျင်အမြန်ပင် နေသားကျခဲ့သည်။

သူ့ဘဝတွင် သူ့ကိုယ်သူ သတ်သေစေခဲ့သည့်လူကို ထပ်ကြုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ချီဝူလော့ ကသူ့အပြုအမူတွေက မတရားဘူးဆိုတာ နားလည်ခဲ့သည်။ လီယင်လွေ့ ကသူ့ကို တကယ်ချစ်ခဲ့သည်။ သူ့နှလုံးသား တစ်ခုလုံးနဲ့ ဗန်ပိုင်းယားကို ချစ်ခဲ့သည်။ သို့သော် အရင်စစ်ပွဲတွင်း သူ့မိသားစုက ဗန်ပိုင်းယားတွေဆီမှ အသတ်ခံခဲ့ရသည်။ လီယင်လွေ့ ကိုသူချစ်ခဲ့ပြီး သူ့မိသားစုရဲ့ သေခြင်းတရားကို ဖြစ်စေခဲ့ကာ သူတို့ချစ်နေချိန်မှာ လီယင်လွေ့ ကသူ့အကြောင်းကို လိမ်ညာခဲ့တာကို ရှာတွေ့သွားချိန်တွင် သူပျိုလဲသွားခဲ့သည်။

ထိုအချိန်အတွင်း သူ့ခံစားချက်တွေက မထိန်းချုပ်နိုင်ခဲ့ပေ။ သူလုပ်မိတာကို သတိပြုမိချိန်တွင် သူ့လက်ထဲတွင် သွေးတွေစီးကျနေသည့် ဓားကိုကိုင်ထားခဲ့ပြီး လီယင်လွေ့ ရဲ့မျက်နှာပေါ်ရှိ ပျက်ယွင်းကာ နာကျင်နေသည့် အမူအရာကို မြင်လိုက်ရပြီး သူ့လက်ထဲမှဓားနဲ့အတူ ကြမ်းပြင်ပေါ်သို အကူအညီမဲ့စွာ လဲပြိုကျသွားခဲ့သည်။

ကြမ်းပြင်ပေါ်တွင် အားနည်းစွာ လဲကျသွားပြီး ချီဝူလော့ ကသူ့အမှားမဟုတ်ကြောင်း လီယင်လွေ့ ကိုပြောချင်ပေမဲ့ သွေးတွေနဲ့သာ ပြည့်နှက်နေကာ သူ့မျက်လုံးတွေကို မှိတ်နိုင်ခဲ့ရင်း သေဆုံးသွားခဲ့သည်။

သူထပ်နိုးလာချိန်တွင် ဟွမ်ဇိုက်ဂျန် သေဆုံးသွားတာ နှစ်ပေါင်း ၅၀၀ နီးပါးလောက် ရှိနေခဲ့သည်။ လီယင်လွေ့ လည်းပျောက်ကွယ်ခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now