5.12

2.9K 412 7
                                    

Zawgyi

နာရိဇာဇဲနို ရဲ့အမူအရာမဲ့တဲ့ စကားကြောင့် နိုရူခနဲခိ မထိန်းချုပ်နိုင်ပဲ အနောက်ကို ဆုတ်သွားခဲ့သည်။ ထို့နောက် နာရိဇာဇဲနို ဘေးက လူကိုသတိထားမိပြီး ထိုလူရဲ့မျက်နှာကို လှည့်ကြည့်လိုက်သည်။ ထိုလူက ဘယ်သူလဲဆိုတာကို သိသွားချိန်တွင် သူ့မျက်နှာတွင် ထိတ်လန့်သွားတာက မဖုံးကွယ်နိုင်ပေ။ ထို့နောက် အားရပါးရ ပြုံးလိုက်သည်။

"ဆိုတော့ မင်းက သူ့ဂိုဏ်းထဲဝင်ခဲ့တာလား၊ ဟမ်၊ ရာခိမိ?" နိုရူခနဲခိ နှုတ်ခမ်းက ကွေးနေပြီး မေးလိုက်သည်။ တန်ဒိုးရာခိမိ ကသူ့မျက်ခုံးကို ပင့်လိုက်ပြီး နိုရူခနဲခိ ရဲ့ပုံစံကို ကြည့်လိုက်ရင်း သူ့မျက်နှာထက်တွင် လှောင်ပြုံးက ထွက်ပေါ်လာခဲ့သည်။

"ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား?" ဆူအွန်ခါမာ ကလည်း စိတ်ရှုပ်ထွေးစွာဖြင့် သူ့မျက်ခုံးကို ပင့်လိုက်သည်။

"ဘာလို့ လူစီဖာလဲ? မင်းက လူတိုင်းကို ငြင်းခဲ့ပေမဲ့ ဇဲနို ကိုတော့ မငြင်းခဲ့ဘူး၊ ဘယ်လိုဝင်ခဲ့တာလဲ?" နာရိဇာဇဲနို ကလည်း တန်ဒိုးရာခိမိ ဘက်ကိုလှည့်လိုက်ပြီး ဘယ်လိုဖြေမလဲဆိုတာကို သိချင်နေခဲ့သည်။

"ကောင်းပြီ၊ သူက မင်းတို့လိုမျိုး စိတ်အနှောင့်အယှက် မဖြစ်စေဘူး" ဒါက သူပြန်ဖြေလိုက်တာပဲ။ နိုရူခနဲခိ နဲ့ ဆူအွန်ခါမာ တို့ရဲ့မျက်နှာတွင် ဒေါသတွေ ထွက်လာတာကို တန်ဒိုးရာခိမိ မြင်တွေ့နိုင်သည်။ သို့သော် နာရိဇာဇဲနို မျက်နှာပေါ်က အပြုံးကိုသာ သူအာရုံစိုက်နေမိသည်။

"နောက်ပြီး သူက မေးရုံပဲမေးခဲ့တာ။ ဆွဲဆောင်ဖို့ မကြိုးစားခဲ့ဘူး။ သူက မင်းတို့နှစ်ယောက်ထက်ပိုပြီး ချောမောတယ်လေ၊ ဒါကြောင့် ဘာလို့ငါက မဝင်ရမှာလဲ?"

တန်ဒိုးရာခိမိ ရဲ့နောက်ဆုံးစကားကြောင့် နာရိဇာဇဲနို ခေါင်းညိတ်လိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် ပြုံးလိုက်သည်။

"မင်း" နိုရူခနဲခိ ကစလိုက်ပေမဲ့ သူ့ဘာသာ ပြန်ထိန်းလိုက်သည်။ ထို့နောက် ဆူအွန်ခါမာ ကိုစိုက်ကြည့်လိုက်ပြီး ဒေါသထွက်တဲ့ အသံနဲ့ပြောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now