3.14

5.7K 813 4
                                    

Zawgyi

ဗစ်တာ က ဝဲလ် ရဲ့ဘေးတွင် ထိုင်လိုက်သည်။ သုံးရက်ကုန်သွားချိန်တွင် ဝဲလ် ကိုခင်မင်ရင်းနှီးလာဖို့ လုပ်ရသည်မှာ တခြားကောင်လေးတွေကို ရင်းနှီးဖို့ လုပ်တာထက် အတော်လေး ခက်ခဲတယ်လို့ ဗစ်တာ ပြောနိုင်သည်။ အများဆုံးကတော့ ဗစ်တာ ဝဲလ် ကို စကားနည်းနည်းလေးပဲ ပြောနိုင်သေးသည်။

မာ့ခ် က အလုပ်တွေကို လုပ်ကိုင်ပေးရင်း နိုင်း ကို ရဲတိုက်အတွင်းတွင် တဖြည်းဖြည်း အင်အားရရှိဖို့ ကူညီပေးနေသည်။ လူစီးယပ် သတင်းတွေကို ရခဲ့ပြီး သူ့ကို ပေးခဲ့သည်။ သူမျှော်လင့်ထားတာထက် လူစီးယပ် ကပိုပြီး တည်ငြိမ်နေသည်။ အထူးသဖြင့် သူကတော့ ပြန်ပေးဆွဲခံရခြင်းသာ ဖြစ်သည်။

သို့သော် ရေး က လူစီးယပ် ကိုနာကျင်အောင် မလုပ်ဖူးဆိုတာ ဗစ်တာ လဲသိသည်၊ သူ့မှာ အကြောင်းပြချက်တော့ မရှိဘူး။ နောက်ပြီး ရေး က လူစီးယပ် ကိုဖြစ်လာနိုင်တဲ့ တစ်ခုခုကနေ ကာကွယ်ဖို့ ကြိုးစားနေတာ၊ ဒါကြောင့် ဒီကိစ္စထဲမှာ ဘဲလက်မိသားစုက ပါဝင်နေတယ်လို့ ဆိုလိုတာပဲ။

ဗစ်တာ ကထိုမိသားစုသည် အမြဲတမ်း မျှားဖို့ ကြိုးစားနေတာကို သိခဲ့သော်လည်း ဒီလို ရူးသွပ်တဲ့ အရာကို လုပ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိပေ။ သို့သော် သူတို့က ကြီးမားတဲ့ လှုပ်ရှားမှုတွေကို မလုပ်သေးတာကြောင့် သူ့ရဲ့တိုက်ခိုက်မှုကို အဆုံးထိ မလုပ်နိုင်သေးပေ။

ကောင်းပြီ၊ ဘာတွေ ဖြစ်နေလဲဆိုတာ အယ်လန် သိထားပြီးတာက ပိုကောင်းပေမဲ့ သူ့အခြေအနေက ဗစ်တာ လိုမျိုးပင် ဖြစ်သည်။ ဗစ်တာ က ဝဲလ် ဘေးမှာ ထိုင်နေတာကြောင့် တိတ်တဆိတ်စွာ ပဟေဠိတွေကို အတူတကွ စုစည်းနေတဲ့ သူ့ကို ဝဲလ် ကကြည့်နေသည်။

ဝဲလ် ရဲ့မျက်လုံးတွေက မဲမှောင်နေကာ အသက်မဲ့နေပြီး ထိုမျက်လုံးတွေက များစွာသော စစ်ပွဲတွေနဲ့ တိုက်ပွဲတွေကို ကျော်ဖြတ်ခဲ့ဖူးတာနဲ့ တူနေပြီး ထိုမျက်လုံးတွေက ဗစ်တာ နဲ့ အနည်းငယ် ရင်းနှီးတယ်လို့ ခံစားရသည်။ ဝဲလ် ကအသက်မကြီးပေမဲ့ သူ့ခန္ဓာကိုယ်က သူ့အသက်ထက် ပိုပြီး ရင့်ကျက်နေကြောင်းကို သူ့မျက်လုံးတွေက ပြောပြနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now