4.7

6.1K 825 11
                                    

Zawgyi

မင်ယောင်ဂျွန် က လီရှင်းဝူ ရဲ့ဘေးတွင် လှဲလိုက်ပြီး သူ့ခန္ဓာကိုယ်ကတော့ အေးခဲလုနီးပါးဖြစ်ကာ အိပ်ယာပေါ်တွင် မလှုပ်မိဖို့ ကြိုးစားနေလိုက်သည်။ ဒီအရာက သိသာစွာ စိတ်လှုပ်ရှားဖွယ် မကောင်းတာကို သိပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်လို့မရပေ။

လီရှင်းဝူ အိပ်နေချိန်မှာ မတော်တဆ ထိမိသွားမှာကို ကြောက်မိတာကြောင့် သူ့တစ်ကိုယ်လုံး စောင်နဲ့ဖုံးထားပြီး အိပ်ရာအစွန်းနဲ့ နီးကပ်အောင် ရွေ့ထားပြီး သူ့ကိုယ်တစ်ဝက်လောက်ပဲ အိပ်ရာပေါ်တွင် ရှိလေသည်။ မင်ယောင်ဂျွန် အိပ်ဖို့ ကြိုစားပေမဲ့ သူ့စိတ်က သူ့ကို နှိပ်စက်နေသည်။

မင်ယောင်ဂျွန် အိပ်ဖို့ ကြိုးစားနေရင်း အိပ်ပျော်နေတဲ့ လီရှင်းဝူ ကိုကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရရင် လီရှင်းဝူ ကသူတို့ကို ဘာကြောင့် ဒီလောက်တောင် ကူညီမှန်း သူနားမလည်ပေ။ သူတို့က တစ်ကြိမ်ပဲ တွေ့ဖူးကြတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ လီရှင်းဝူ ကသူတွေ့ဆုံခဲ့တဲ့ လူများအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ပေးခဲ့သည်။

အဲ့ဒါက အထူးကိစ္စဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အခုတော့ ကမ္ဘာပျက်ကိန်း ဖြစ်နေတာကြောင့် လူတွေက တစ်ဦးနဲ့တစ်ဦး အရင်ကထက်ပိုပြီး ဆန့်ကျင်နေကြသည်။ အခန်းက အတော်လေး တိတ်ဆိတ်နေပြီး ညဉ့်နက်လာကာ မင်ယောင်ဂျွန် ရဲ့စိတ်ကတော့ တစ်ခုထဲသာ သိချင်နေမိသည်။

သို့သော် ရိုးရိုးသားသား ပြောရရင် လီရှင်းဝူ ကအရမ်းကောင်းတဲ့ လူတစ်ယောက်ပဲ။ သူဆန္ဒရှိသလို လုပ်ဆောင်ပြီး လူတွေက သူ့ကို ဘယ်လို တွေးမလဲ ဆိုတာကို သူဂရုမစိုက်ပေ။ သူ့မှာ ဒီလိုမျိုး အသိဉာဏ်နဲ့ သူ့ကိုယ်ပိုင်လမ်းကြောင်းရှိသည်။

နောက်ပြီး မင်ယောင်ဂျွန် ကသူ့ရဲ့ ဖန်တစ်ယောက် မဟုတ်ပေမဲ့ လူချင်းတွေ့သည့်အခါတွင် သူ့ရဲ့ ထင်မြင်ချက်က မီဒီယာတွေမှ တင်ထားတာထက် ပိုပြီး ကောင်းမွန်စေခဲ့သည်။ လီရှင်းဝူ ကတော်တဲ့ သရုပ်ဆောင် တစ်ယောက်နဲ့ လူကြိုက်များရင်တောင်မှ မီဒီယာတွေက သူ့ကို ရိုင်းဆိုင်းပြီး မသိတတ်တဲ့ လူတစ်ယောက်အနေနဲ့ အမြဲတမ်း ဖော်ပြထားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now