6.12

2.4K 405 6
                                    

Unicode

"မင်းသတင်းကြားခဲ့လား? ချန်းကောပိုရေးရှင်းကို ဖန်တီးခဲ့တဲ့ ချန်ရှုဂျင်း ပြန်ရောက်လာပြီတဲ့။ သူက သူနဲ့အတူ ဝမ်ဇူဟေး ဆိုတဲ့ဝမ်းကွဲကိုလည်း ခေါ်လာခဲ့တယ်လို့ ကြားခဲ့တယ်"

"မင်းက အရမ်းနောက်ကျတာပဲ၊ လူတိုင်းက သူပြန်လာတဲ့အကြောင်းကို သိပြီးသွားပြီးပြီ။အဲ့အကြောင်းကို ကျော်ကြားတဲ့ မိသားစုတွေ အကုန်လုံးတောင် ဒီအကြောင်းကို ပြောနေကြတယ်။ စက်မှုဇုံတွေတောင် သူတို့ကိုအာရုံစိုက်မိစေဖို့ မျှော်‌လင့်နေကြတယ်‌"

"ဥက္ကဌချန်းက ငယ်သေးတယ်၊ သူ့အသ်က ၂၆ နှစ်နဲ့ သူ့ဝမ်းကွဲက ၁၈ နှစ်ပဲ ရှိသေးတယ်လို့ ကြားခဲ့တယ်။ အရည်အချင်းရှိတဲ့ လူတစ်ယောက်က သူ့နာမည်နဲ့တင် ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်နေပြီ။ ငါ့အထင်သာ မှန်မယ်ဆိုရင် သူက ကမ္ဘာမှာ အချမ်းသာဆုံးပဲ"

"သူနဲ့ သူ့ဝမ်းကွဲ နှစ်ယောက်လုံးက ခန့်ညားကြတယ်လို့ ကြားခဲ့တယ်။ သူနဲ့ ဝမ်ဇူဟေး ရဲ့ပုံကို ငါ့သမီးက တွေ့ခဲ့ပြီး သူတို့နဲ့ လူချင်းတွေ့ဖို့ ကြိုးစားနေတယ်"

"သူတို့က ချန်းကောပိုရေးရှင်း ကုမ္ပဏီမှာ ပွဲလုပ်ဖို့ရှိတယ်။ ငါက အသေးစား လုပ်ငန်းရှင်‌ေလး တစ်ယောက်ပဲ၊ အဲ့ဒါကြောင့်မို့လို့ ငါက ဖိတ်ကြားခံရရင်တောင် အဲ့လိုကြီးမြတ်တဲ့ နေရာကို ခြေချနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး"

"တစ်ယောက်ယောက်သာ သူတို့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ရင် သူတို့တစ်ဘဝလုံး ငွေရေးကြေးရေးအတွက် ပူပန်နေစရာ လိုမှာမဟုတ်တော့ဘူး"

ဝမ်ဇူဟေး ကသူတို့ရဲ့ အဝတ်အစား ချုပ်ရန်အတွက် ဇိမ်ခံစတိုးဆိုင်တွင် ရပ်နေရင်း သူ့နက်ကတိုင်အား အဆင်မပြေစွာ ဆွဲလိုက်သည်။ သူတို့ရောက်ကတည်းက ပွဲတော်အကြောင်းကို ချန်းရှုဂျင်း ကသူ့အား ပြောပြခဲ့လို့ ဝမ်ဇူဟေး သိခဲ့ပေမဲ့ သူဝတ်ထားတဲ့ ဝတ်စုံနဲ့က အဆင်မပြေဖြစ်နေခဲ့သည်။

"မစ္စတာချန်း၊ အဝတ်အစားအတွက် ကျွန်တော့်ဆိုင်ကို လာရောက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအဝတ်အစားတွေကို အာချင်းကို ပြန်ရောက်လာတဲ့အတွက် လက်ဆောင်‌အနေနဲ့ ပေးမှာပါ" ထိုလူက ချန်းရှုဂျင်း ရဲ့ပြုံးနေတဲ့ အမူအရာကို ဖတ်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now