15...

795 99 9
                                    

Unicode

“ပိုင်ချန်?” ဖေးချန်းချီ ကအိမ်အပြင်ကို လျှောက်လိုက်သည်။

ဒီနေ့တွင် သူက ငွေရောင်ဝတ်စုံကို ဝတ်ထားခဲ့ပြီး သူ့အဖြူရောင် ဆံပင်တွေက နည်းနည်းရှုပ်နေပြီး သူလုပ်လို့မပြီးတာ မြင်နိုင်သည်။ သူ့ပါးတွေက အနည်းငယ် ပန်းရောင်သန်းနေပြီး အပြာရောင် မျက်လုံးတွေက ခပ်မှိန်မှိန်လင်းနေကာ အိမ်အပြင်တွင် ရှာဖွေနေခဲ့သည်။

ဒီနေရာတွင် ဖေးချန်းချီ နေခဲ့တာ အချိန်နှစ်ပတ်တာ ကုန်ဆုံးသွားခဲ့သည်။ အခုတော့ ပိုင်ချန် ရဲ့အကူအညီကြောင့် သူ့ကျောက လုံးဝပျောက်ကင်းသွားခဲ့သည်။

အချိန်နှစ်ပတ်က ကုန်ဆုံးသွားရင်း ဖေးချန်းချီ ကထိုလူရဲ့ ပိုရင်းနှီးလာခဲ့ပြီး သူ့ဘဝအကြောင်းကို ဖွင့်ဟခဲ့သည်။ ပိုင်ချန် ကသူ့ဘေးတွင် နေထိုင်ခဲ့ပြီး ထူးဆန်းတာ ဘာမှမရှိခဲ့ပေ။ ဖေးချန်းချီ ရဲ့မျက်လုံးတွေက သစ်ပင်ဆီကို ကြည့်လိုက်ပြီး ရင်းနှီးသည့်ပုံရိပ်က သူ့ဆီလျှောက်လာတာကို မြင်လိုက်ရသည်။

“မင်းနိုးပြီလား?” ထိုလူရဲ့မျက်နှာတွင် စ,နောက်သည့် အပြုံးကရှိနေပြီး ဖေးချန်းချီ ရောက်လာခဲ့သည်။ ဖေးချန်းချီ ကပြုံးလိုက်ပြီး ပုခုံးတွန့်ကာ ရှေ့တိုးလိုက်သည်။

“ငါမနေ့ကထက် စောစောမနိုးဘူးလား?” ထိုစကားကို ပြောလိုက်ရင်း မျက်စိမှိတ်ပြကာ ရယ်သံက ထွက်လာရင်း ပိုင်ချန် ကမျက်လုံးလှည့်လိုက်သည်။

ပိုင်ချန် ကအနီရောင်ကို ဝတ်ထားခဲ့သည်။ အနီရောင်က သူ့မျက်နှာကို ပိုပြီးတော့တောင် ဖြူဖွေးသွားစေသည်။ သူ့ဆံပင်တွေက မချည်နှောင်ထားပဲ ကျောက်စိမ်းဖြင့်သာ ထိုးထားခဲ့သည်။

“ပြန်ဝင်ရအောင်၊ မင်းဆံပင်ကို ပြင်ပေးမယ်” ပိုင်ချန် ကခေါင်းခါလိုက်ရင်း ရှေ့တိုးလိုက်ကာ ဖေးချန်းချီ ရဲ့ခေါင်းကို တောက်လိုက်သည်။

ဖေးချန်းချီ ကအနောက်ကို ဆုတ်လိုက်ပြီး ပြုံးပြလိုက်ရင်း သူ့နဖူးကို ပွတ်လိုက်သည်။ ကောင်းပြီ၊ ပိုင်ချန် ကသာ သူ့ဆံပင်ကို စိတ်ဝင်စားတဲ့ ပထမဆုံးသူပဲ။ ထို့နောက် ဖေးချန်းချီ ကထိုလူအား သူ့ဆံပင်ပြင်ပေးဖို့ ဖိအားပေးခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now