5.1 Story of My Life

11.1K 745 5
                                    

Zawgyi

Story Of My Life

ဖေးချန်းချီ မျက်လုံးကို ဖွင့်လိုက်ပြီး သူ့အဆုတ်ထဲက နာကျင်နေမှုကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ပြီးခဲ့တဲ့ ကမ္ဘာတုန်းက ဇူးလုံဝမ် နောက်ကို လိုက်ဖို့အတွက် သူမြန်မြန် ထွက်သွားခဲ့သည်။ ဒီကမ္ဘာမှာ ဇူးလုံဝမ် ကထွက်သွားခဲ့ပြီး ဖြစ်ကြောင်းကို သိခဲ့တာကြောင့် သူ့ဘာသာ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

နာကျင်နေဆဲဖြစ်ပေမဲ့ ဒီကမ္ဘာမှာ အနည်းဆုံးတော့ သူအသက်ရှင်နေခဲ့သည်။ ဖေးချန်းချီ သူ့ဘာသာ တည်ငြိမ်အောင်လုပ်လိုက်ပြီး နောက်ဆုံးတော့ သူ့ဘာသာ ပြန်စုစည်းနိုင်ပြီး လက်ထဲက တာဝန်ပေါ်ကိုသာ အာရုံစိုက်လိုက်သည်။ ဇာတ်ကြောင်းက သူ့ဆီကို တဖြည်းဖြည်း ရောက်လာခဲ့သည်။

ဒီကမ္ဘာမှာ ဂျပန် မှာဖြစ်သည်။ အဓိက ဇာတ်ကောင်ကတော့ စူးခိရန် ရာကူဇာ အိမ်တော်က အငယ်ဆုံးသားဖြစ်ပြီး မာဖီးယားဂိုဏ်းနဲ့ ဆင်တူသည်။ သူက အသက် ၁၆ နှစ်ရောက်ချိန်တွင် ကျောင်းပြောင်းခဲ့ပြီး တခိမာရူ အကယ်ဒမီကို တတ်ဖို့ဆုံးဖြတ်ခဲ့သည်။

ထိုအကယ်ဒမီကျောင်းက ရာကူဇာ အိမ်တော်က သူတို့ ကလေးတွေကို သင်ကြားဖို့အတွက် တတ်ရောက်ကြသည့် ကျောင်းဖြစ်သည်။ ဂုဏ်သိက္ခာရှိသည့် ကျောင်းဖြစ်ပြီး သာမာန် ကျောင်းသားတွေနဲ့ ရောနှောနေပေမဲ့ ကျောင်းသားအများစုကတော့ ရာကူဇာမှ ဖြစ်သည်။

ကျောင်းကို တတ်ရောက်ချိန်တွင် စူခိရန် က အမျိုးသားဇာတ်လိုက် ရာကူဇာ နဲ့ပတ်သက်သည့် တန်ဒိုးရခိမိ နဲ့သူငယ်ချင်းတွေ ဖြစ်လာကြသည်။ နှစ်ယောက်လုံးက ပိုပြီးနီးစပ်လာကြကာ ကျောင်းအတွင်းမှာပဲ သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းကို သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး တည်ထောင်ခဲ့သည်။

စူခိမာရူ အကယ်ဒမီ ကျောင်းသားတွေက မတူညီကြတဲ့ဂိုဏ်းထဲကို ဝင်ရောက်ထားကြသည်။ တစ်ခုကတော့ သူတို့ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ခေါင်းဆောင်တွေနဲ့ ဖြစ်သည်။ ကျောင်းသားတွေက သူတို့ ဝင်ချင်ကြတဲ့ ဂိုဏ်းကို ဆုံးဖြတ်နိုင်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now