6.7

2.6K 451 3
                                    

Unicode

ချန်းရှုဂျင်း နံရံကို မှီလိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ ဒီလိုမျိုး လုပ်တာက ဝမ်ဇူဟေး ကိုနာကျင်စေမှာကို သူသိပေမဲ့ အရင်ဆုံးတော့ ဒီကောင်လေး အရွယ်ရောက်လာဖို့ လိုအပ်သည်။ ဝမ်ဇူဟေး ရဲ့ခံစားချက်တွေ မထိန်းချုပ်နိုင်တာက ပြောဖို့မခက်ခဲပေမဲ့ သူက ကလေးပဲရှိသေးသည်။

အခြေအနေတွေက ဖြစ်ပွားလာသည်နှင့် ဝမ်ဇူဟေး ကိုလုံခြုံဖို့အတွက် သူ့ကို အဝေးကို ပို့တာကို ပိုကောင်းမည် ဖြစ်တာကို ချန်းရှုဂျင်း သိနေခဲ့သည်။ ဝမ်ဇူဟေး ကိုလုံလောက်အောင် သန်မာပြီး ကြီးပြင်းလာဖို့ လိုအပ်တာသည်။ ဒါမှသာ တခြားသွေးစုပ်ဖုတ်ကောင်တွေက သူ့ကို အနှောင့်အယှက် မပေးနိုင်မှာ ဖြစ်သည်။

ဝမ်ဇူဟေး လုံလောက်အောင် မသန်မာခင်အထိ သူနဲ့တွေ့ဆုံဖို့ ချန်းရှုဂျင်း သွားမှာမဟုတ်ဘူး။ ချန်းရှုဂျင်း ကလူသားအစိုးရ အဖွဲ့အစည်းကို ဖျက်ဆီးဖို့ လုပ်နေခဲ့သည်။ လူသားတွေက အရာအားလုံးကို အဆုံးမသတ်ခင်မှာ သူလုပ်စရာ အများကြီး မရှိတာကြောင့် ဖြစ်သည်။

လူသားတွေက လှည့်စားလို့ လွယ်ပြီး သူတို့က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြသည်။ မင်းက တစ်ဖက်လူရဲ့ ဆိုးရွားတဲ့ဘက်ကို မြင်လိုက်တာနဲ့ လူတိုင်းက မင်းဘက်ကို ရောက်လာကြလိမ့်မယ်။ ချန်းရှုဂျင်း ကသူ့အခန်းဆီကို လျှောက်သွားလိုက်သည်။

တဖက်မှ ဝမ်ဇူဟေး ကအထုပ်အပိုးတွေ ပြင်ဆင်နေတဲ့ အသံကို သူကြားနေရပေမဲ့ သူဘာမှမလုပ်ပေ။ ဝမ်ဇူဟေး ကသူ့အထုပ်တွေကို နှေးကွေးစွာဖြင့် ထုတ်ပိုးနေခဲ့သည်။

ဒါက တကယ်ပဲ၊ သူပြန်လာဖို့က နောက်ထပ် ငါးနှစ်၊ ဒါမဟုတ် အဲ့ဒါထက်လည်း ပိုများနိုင်သည်။ တံခါးဆီမှ ခေါက်သံက ထွက်ပေါ်လာခဲ့သည်။

“သခင်လေး?” ဘယ်သူလဲဆိုတာကို ဝမ်ဇူဟေး သိလိုက်သည်။

“ဝင်လာခဲ့၊ ဟောင်ရွယ်” ထိုစကားကို ကြားလိုက်ပြီး လုဟောင်ရွယ် ကတံခါးကို ဖွင့်လိုက်သည်။

“လိုအပ်တာတွေ အကုန်လုံး ထုတ်ပိုးပြီးပြီလား၊ သခင်လေး?” သူမက တစ်ဖက်တွင် ရပ်နေရင်း ဝမ်ဇူဟေး ကသူမ ဘက်ကိုလှည့်ကာ ခေါင်းညိတ်ပြတာကို ကြည့်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now