5...

1K 137 6
                                    

Unicode

"အဲ့ဒါက ဆွေ့ဟွားတောင်ကြားရဲ့ ငါးယောက်မြောက် တပည့်လေ"

"သူက အသက် ၁၆ နှစ်ပဲရှိသေးပေမဲ့ အခြေတည်အဆင့် ၈ ကိုတောင် ရောက်နေပြီလို့ ငါကြားခဲ့တယ်။ အရမ်းထူးချွန်တာပဲ၊ ပါရမီထူးတဲ့ လူငယ်လေးပဲ! မသေမျိုးထျန် ကမှန်ကန်စွာ ရွေးချယ်ခဲ့တာပဲ"

ဖေးချန်းချီ ကသူ့ဘေးမှ အသံတွေကို နားထောင်နေခဲ့ပေမဲ့ ဘာမှမပြောသလို ဘာတုန့်ပြန်မှုမှလည်း မပြပေ။ သူက ခုံပေါ်တွင် ထိုင်နေပြီး စင်ပေါ်ကိုသာ ကြည့်နေခဲ့သည်။ သူ့ဘေးတွင် ဟုန်မိုင်ရှု၊ ကျန့်ဘင်မေ့ နဲ့ ထျန်စီချန်း ကလည်း ထိုင်နေခဲ့သည်။ ဖူဟွားရန် နဲ့ ကျန့်ဇိုက်ဖန် တို့ကတော့ ဖူရွှေဂိုဏ်းရဲ့ တခြားတပည့်တွေနဲ့ ဟန်ဟေးနိုင်ငံထဲ ရှိနေတာကြောင့် သူတို့ပြန်လာချိန်ကို မပြောနိုင်ပေ။

ဖေးချန်းချီ ကစင်အောက်ကို ကြည့်နေရင်း လူနှစ်ယောက်က တိုက်ခိုက်နေကာ ထျန်စီချန်း ကသူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်း ကိုင်ထားခဲ့သည်။ ဟုန်မိုင်ရှု က ဖေးချန်းချီ ဘက်လှည့်လိုက်သည်။

"ဒီတပည့်တွေက ချီအခြေခိုင်အဆင့် ၆ ကိုစတင်ရုံပဲ။ သူတို့က အပြင်စည်း တပည့်တွေဖြစ်တာကြောင့် သူတို့ကျင့်ကြံဆင့်က နည်းနည်းတော့ နှေးတယ်။ ဒါပေမဲ့ သူတို့က စွမ်းဆောင်ရည်တွေ ရှိကြတယ်။ နောက်ပြီး အတွင်းစည်း တပည့်တွေက တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်တက်ဖို့ တိုက်ခိုက်ကြတယ်။ ကိုယ်ပိုင်တပည့်တွေက အလှည့်ကျ ခေါ်ကျပေမဲ့ စိုးရိမ်ဖို့တော့ မလိုပါဘူး။ မင်းလက်ရှိ ကျင့်ကြံအဆင့်နဲ့ဆိုရင် မင်းနဲ့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟုန်မန်ရှု က ဖေးချန်းချီ ကိုပြောလိုက်ရင်း စင်ပေါ်ကို ချောင်းကြည့်လိုက်သည်။ ဖေးချန်းချီ ကခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်ကာ စိုးရိမ်သည့် အမူအရာကို မပြပေ။

"ဒီဂျူနီယာ ညီလေး နားလည်ပါတယ်" ဘေးဘက်မှ ကျန့်ဘင်မေ့ ကပျင်းရိစွာဖြင့် ခေါင်းငုံ့လိုက်သည်။

"ဒါက အရမ်းကြာတာပဲ။ တစ်သက်လုံးတောင် ကြာတော့မလိုပဲ။ ဒါက ငါပြန်သွားပြီး ပြန်ရောက်လာရင်တောင် ပြီးဦးမှာမဟုတ်ဘူးနော်၊ စီနီယာအစ်ကို" သူမရဲ့ ဆံပင်ရှည်ကြီးကို လေထဲတွင် လှုပ်ယမ်းလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now