7.13

1.3K 227 2
                                    

Unicode

ရှန်းမင်ရှား ရဲ့မျက်နှာက ရုတ်တရက် စိုးရိမ်ပုံပေါ်သွားကာ တန်ချင်းရှန် တောင်ခံစားမိသွားသည်။

ရှန်းမင်ရှား ရဲ့စိုးရိမ်နေတဲ့ အသံကိုကြားလိုက်ပြီး လုဖန်မိန် ကသူ့ရဲ့စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ထားခဲ့သည်။ သူတို့သိခဲ့ဖူးတဲ့ မှတ်ဉာဏ်ကတော့ ရှိ‌မနေပေ။ ဘာတွေဖြစ်မှာလဲ? ချက်ချင်းပင် သူ့မျက်လုံးတွေက တန်ချင်းရှန် အားတွန့်ဆုတ်စွာ ကြည့်လိုက်သည်။

တန်ချင်းရှန် ကဖြစ်ပျက်နေတာကုိ အလျင်အမြန် ဖြေရှင်းလိုက်သည်။ သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေသည်။ "အမေ၊ သူက လုဖန်မိန်။ သူက ကျွန်တော့်ရဲ့ လက်အောက်ငယ်သား အသစ်ပဲ။ နောက်ပြီး သူက လီတိုင်းပြည်ကို ဆန့်ကျင်ပြီး အနိုင်ရအောင် ကူညီပေးခဲ့တယ်"

ရှန်းမင်ရှား ရဲ့မျက်လုံးတွေက စိုးရိမ်နေဆဲဖြစ်ပေမဲ့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး ရုတ်တရက် ပြုံးလိုက်ကာ ခေါင်းခါလိုက်သည်။ "‌ခွင့်လွှတ်ပေးပါ။ ငါနည်းနည်း ရှုပ်ထွေးသွားလို့ပါ။ မင်းက နန်ကျန်း ‌ေပြာတဲ့တစ်‌ေယာက် ဖြစ်မယ်"

လုဖန်မိန် ကအနည်းငယ် စိတ်လှုပ်ရှားနေပေမဲ့ ‌အရှေ့တိုးလိုက်ကာ အနည်းငယ် ကွေးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်ပါ၊ သခင်မကြီး"

"အစောပိုင်းက ပြောခဲ့တဲ့ စကားတွေအတွက် ခွင့်လွှတ်ပါ။ ငါ... ရုတ်တရက် တွေးမိပြီး စိတ်ပူမိသွားလို့ပါ" ရှန်းမင်ရှား ကသူမသားကို အတင်းတွန်းပြီး လုဖန်မိန် ကိုအမြန်ပို့ခိုင်းခဲ့သည်။ "ဒီလိုမျိုး ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းက ငါ့သားရဲ့ဘဝကို ကယ်တင်ပေးခဲ့တယ်။ အမေတစ်ယောက်အနေနဲ့ မင်းအပေါ်မှာ ငါအကြွေးတင်သွားပြီ"

"ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ၊ သခင်မကြီး။ စစ်သူကြီးက လူတော်တစ်ယောက်ပါ၊ ကျွန်တော် အဲ့နေရာမှာ မရှိလည်း အနိုင်ရပါလိမ့်မယ်" လုဖန်မိန် ကညင်သာစွာ ငြင်းပယ်လိုက်ပြီး ခေါင်းခါလိုက်ရင်း သူ့မျက်လုံးတွေက တောက်ပနေသည်။

တန်ချင်းရှန် ကဘေးကနေ ပြုံးနေပြီး ဘာမှမပြောပေ။

လုဖန်မိန် က တန်ချင်းရှန် ကိုကြည့်လိုက်တာကို ရှန်းမင်ရှား ကတွေ့လိုက်သည်။ ဒါတောင် သူမအကြည့်တွေက တည်ငြိမ်နေပြီး ရှင်းလင်းနေကာ ပြောလိုက်သည်။ "မင်းအတွက် နေထိုင်ဖို့ကို ချက်ချင်း ပြင်ဆင်ပေးထားမယ်။ သားက တစ်စုံတစ်ယောက်ကို ခေါ်လာခဲ့မယ်လို့ သတင်းကြားခဲ့ပေမဲ့ အလုပ်များနေတာကြောင့် မပြင်ဆင်လိုက်နိုင်ဘူး။ အခုတော့ ချင်းရှန် ကမင်းကို အိမ်တော်ဝန်းကို လိုက်ပြလိမ့်မယ်၊ ပြင်ဆင်ပြီးသွားပြီး မင်းကို ခေါ်ခိုင်းလိုက်မယ်" ထိုစကားကို ပြောလိုက်ပြီး သူမသားဘက်ကို လှည့်လိုက်ကာ လက်ယက်ခေါ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now