5.3

4.7K 631 7
                                    

Zawgyi

တန်ဒိုးရခိမိ ကအဝေးကို လျှောက်သွားတဲ့ နာရိဇာဇဲနို ကိုကြည့်နေပြီး သူ့မျက်လုံးအကြည့်တွေက သူ့အနောက်ကို ပါသွားခဲ့သည်။ သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားချိန်တွင် တန်ဒိုးရခိမိ ကသူ့လက်ကို မြှောက်လိုက်ပြီး သူ့ရင်ဘတ်ကို ဖုံးအုပ်လိုက်ပြီး မျက်လုံးတွေကတော့ စိတ်ရှုပ်ထွေးနေလေသည်။

ဒါကဘာလဲ? သူ့နှလုံးသားက ခုန်သွားခဲ့သည်။ အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ဖူးဘူး။ သူဘယ်လိုတွေ ဖြစ်လာခဲ့တာလဲ? တန်ဒိုးရခိမိ ကမာနကြီးပြီး ရက်စက်တတ်သည်။ သူ့အပြုံးတွေက နတ်ဆိုးထက်တောင် ပိုဆိုးသည်။ အများစုက သူ့ကို ကြောက်လန့်စွာ၊ အံ့အားသင့်စွာ ကြည့်ကြပေမဲ့ တစ်ယောက်ယောက်ကတော့ သူ့ကို လာမနှောင့်ယှက်ရဲပေ။

ဒီကျောင်းမှာ ဘယ်ဂိုဏ်းထဲမှ ပါဝင်ခြင်းမရှိသည့် တစ်ဦးတည်းသော လူအဖြစ်နဲ့ ရပ်တည်နေခဲ့သည်။ သူတို့က သူ့ကိုဂိုဏ်းထဲကို ဆွဲသွင်းရင်တောင် ဘယ်တုန်းကမှ ဝင်ရောက်ခဲ့ခြင်းမရှိပေ။ သူတို့ရဲ့ ဖိတ်ခေါ်မှုကို အမြဲတမ်း ငြင်းပယ်ခဲ့ပေမဲ့ ရုတ်တရက်ကြီး နာရိဇာဇဲနို ရဲ့မျက်လုံးရှေ့တွင် ဘာမှမလုပ်နိုင်တော့ပေ။
သူ့မျက်လုံးတွေထဲက အနက်ရှိုင်းဆုံးမှ တစ်ခုခုကို တန်ဒိုးရခိမိ ရှာတွေ့လိုက်တာကြောင့် ဖြစ်သည်။ အဲ့တစ်ခုခုက ဖုံးကွယ်ထားပေမဲ့ အပြည့်အဝ မဖုံးကွယ်ထားနိုင်ပေ။ ချစ်ခြင်းတရားတွေ၊ နက်ရှိုင်းလှတဲ့ ချစ်ခြင်းတရားတွေပဲ။ နောက်ပြီး တန်ဒိုးရာခိမိ နားမလည်ဘူး၊ ဘယ်သူက တိုက်ရိုက်ညွှန်ပြမှာလဲ?

သူရပ်နေရင်း သစ်ပင်အရိပ်နဲ့ ကွယ်ထားပြီး ကျောင်းဝင်းတစ်ခုလုံးတွင် ကျယ်လောင်သည့် ခေါင်းလောင်းသံကို ကြားလိုက်သည်။ သူ့အတွေးတွေကနေ ထွက်သွားပြီး သူ့အတန်းဆီကို လျှောက်သွားလိုက်ပြီး သူ့နှလုံးခုန်သံက မငြိမ်မသက်ဖြစ်နေသည်။ သူ့ဘာသာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

နောက်တော့ ဘာပဲဖြစ်ဖြစ် နာရိဇာဇဲနို နဲ့နောက်တစ်ကြိမ် ထပ်တွေ့ရမယ်။ နာရိဇာဇဲနို လျှောက်သွားချိန်တွင် တန်ဒိုးရာခိမိ ကစိတ်ရှုပ်ထွေးနေမှာကို သိနေသည်။ ဆူညံသံကို ကြားလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now