5.11

2.9K 423 1
                                    

Zawgyi

အုရှီဟီနာ က နာရိဇာဇဲနို ရဲ့မေးခွန်းအပေါ်တွင် တောင့်တင်းသွားသည်။ သူမခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးက တုန်လှုပ်ပြီး အော်ဟစ်နေကြသည်။ သူမဘာသာတောင် သတိမထားမိပဲ သူမလက်ချောင်းတွေတောင် တုန်ခါနေသည်။

နာရိဇာဇဲနို ကကစားပွဲတစ်ခုကိုသာ ကစားနေကြောင်းကို သူမ သိသင့်ခဲ့သည်။ သူတို့တွေက ဘာတွေကို ဦးတည်ပြီး လုပ်ဆောင်နေကြလဲဆိုတာကို နာရိဇာဇဲနို ကစောင့်ကြည့်နေခဲ့သည်။ အခုတော့ ကျောင်းရဲ့ အန္တရာယ်အရှိဆုံး လူရှေ့တွင် အရူးလုပ်ခံလိုက်ရသည်။

"ငါ... ဇဲနို ငါ့ကို အချိန်နည်းနည်းလောက် ပေးပါ။ အရင်က သတိပေးခဲ့တာကို ငါနားလည်ပါတယ်၊ ဒါကို ငါအပြည့်အဝ နားလည်ပါတယ်"

အုရှီဟီနာ က စကားကို မြန်မြန်ပြောလိုက်ပြီး နာရိဇာဇဲနို ကိုစိတ်ငြိမ်သွားဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားရှာဖွေလိုက်သည်။

"ဟီနာ ဒီလိုကိစ္စလေးတွေနဲ့ ငါ့ကို မနှောင့်ယှက်သင့်ဘူး" နာရိဇာဇဲနို ကလှောင်ပြုံးနဲ့အတူ သူ့မျက်လုံးတွေက တောက်ပနေသည်။ ပုခုံးတွေကို အနည်းငယ် လှုပ်ရှားနေတဲ့ တန်ဒိုးရာခိမိ ကိုအကြည့်တစ်ချက် ပို့လိုက်ရင်း နာရိဇာဇဲနို ကဆက်ပြောလိုက်သည်။

"ငါဘာလုပ်ဖို့ ဆုံးဖြတ်ထားလဲဆိုတာ မင်းသိမယ်လို့ ငါထင်တယ်။ မဟုတ်ရင် အနည်းဆုံးတော့ ငါလုပ်ချင်နေတဲ့ အရာကိုတော့ သိသင့်တယ်။ ဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာ မင်းမမေ့ဘူးမလား? ငါက တစ်နှစ်လောက် တိတ်ဆိတ်နေခဲ့တယ်၊ ငါပြန်ဆုတ်နိုင်တယ်၊ ဒါပေမဲ့ အခုငါအားနည်းနေတယ်လို့ မဆိုလိုဘူး။ ငါ့နေရာကို ပြန်လာဖို့အတွက် အချိန်ကျပြီလို့ ထင်တယ်၊ မှန်တယ်မလား၊ ဟီန?"

အုရှီဟီနာ ကထိုစကားကို ကြားလိုက်ပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။

မဟုတ်ဘူး! သူတို့ ဘာလုပ်ခဲ့ကြတာလဲ? နာရိဇာဇဲနို ကတစ်နှစ်တောင် တိတ်ဆိတ်နေခဲ့သည်။ ဒီတစ်နှစ်မှာ သူက တိုက်ပွဲတွေမှာ ဝင်မပါခဲ့ပဲ လူစီဖာကိုလည်း ဘာပြဿနာမှ မဖြစ်စေဖို့အတွက် ထိန်းချုပ်ခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now