3.13

5.9K 797 2
                                    

Zawgyi

လူစီးယပ် သူ့လက်ကို ကြည့်လိုက်သည်။ သူ့အစ်ကိုက အခုချိန်ထိ သွားနေပြီး ဘာတွေလုပ်နေမှန်း သူမသိရပေ။ အနာဂတ်စစ်ပွဲကာလမှာ ဗစ်တာ ကအရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတာကို သိပေမဲ့ သူစိတ်ပူမိသည်။

သူ့အစ်ကို ကိုဆန့်ကျင်ဖို့ မုန်းတီးမှုတွေကို ဆုပ်ကိုင်ထားပေမဲ့ အဲ့ဒါက သူ့အစ်ကိုလေ၊ သူ့ကျန်းမာရေးထက် သူ့ရဲ့ ကျန်းမာရေးကို အမြဲတမ်း ဦးစားပေးတဲ့ အစ်ကိုပဲလေ။ ဗစ်တာ မရှိပဲ ကြီးပြင်းလာခဲ့တာက ခက်ခဲတယ်။ သူ့နှလုံးသားထဲမှာ ဗလာကျင်းတဲ့ ခံစားမှုကို ဖြစ်စေသည်။

သူပိုပိုပြီး အသက်ကြီးလာခဲ့တာတောင်မှ သူ့အစ်ကိုရဲ့ မျက်နှာနဲ့ အပြုံးတွေကို တွေ့ချင်နေတုန်းပဲ။ သူ့အစ်ကိုလို ရင်းနှီးတဲ့ အပြုံးတွေကို တခြားသူတွေ ဆီမှာ လူစီးယပ် တခါမှ ရှာမတွေ့ခဲ့ပေ။

“လူစီးယပ်?” လူစီးယပ် သူ့ခေါင်းကို ရန် သူ့ သူငယ်ချင်း ဘက်ကို လှည့်လိုက်သည်။ လူစီးယပ် ကသူ့မျက်ခုံးကို တွန့်ပြီး ရန် ကိုကြည့်လိုက်သည်။ သူ့အစိမ်းရောင် မျက်လုံးတွေက စိုးရိမ်မှုတွေနဲ့ ဖြစ်နေသည်။ ရန် ကဘီတာ ဖြစ်ပြီး အသက် ၁၈ နှစ်ရှိကာ သူတို့ သိလာခဲ့တာ အခုဆိုရင် ၈ နှစ်ရှိနေပြီ။

“စိတ်မကောင်းပါဘူး၊ ငါ့စိတ် တခြားရောက်သွားလို့” လူစီးယပ် ကထိုစကားကို ပြောပြီး ပြုံးလိုက်သည်။ ရန် ရဲ့လက်ထဲက စာရွက်ကို ယူလိုက်ပြီး ကြည့်လိုက်သည်။

“ဒီစာရွက်တွေက ဘာအတွက်လဲ?” ရန် က လူစီးယပ် ရဲ့ရှေ့မှာ ထိုင်လိုက်သည်။

“မင်း အဆင်ပြေတာ သိရတာ ဝမ်းသာပါတယ်၊ ဒီစာရွက်တွေက မကြာခင်က ကျောင်းမှာ အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ဖြစ်တယ်၊ အဲ့က လူတွေက အယ်လ်ဖာ သုံးယောက်နဲ့ လူတွေကို တိုက်ခိုက်နေကြတယ်လို့ ပြောကြတယ်။

အဲ့ဒါက မသေချာပေမဲ့ ဆရာတွေက ကျောင်းကောင်စီ အကြီးအကဲအနေနဲ့ ပထမဆုံး လေ့လာသင့်တယ်လို့ ပြောခဲ့တယ်။ နောက်ပြီး အယ်လ်ဖာ သုံးယောက်က ရာဗန်ဘဲလက် နဲ့ပတ်သက်နေတယ်လို့လဲ ပြောခဲ့တယ်”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now