2...

1.8K 210 7
                                    

Unicode

သစ်ပင်အောက်တွင် ကောင်ငယ်လေး တစ်ယောက်က ထိုင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က ပိန်လှီနေပြီး ပါးလွှာကာ သေးငယ်နေပေမဲ့ သူ့မျက်လုံးတွေက တောက်ပနေသည်။

သူ့အဝတ်တွေက ဟောင်းနွမ်းနေပြီး အပေါက်တွေနဲ့ ပြည့်နေတာတောင် သူက သစ်ပင်အောက်တွင် အေးချမ်းစွာနဲ့ ထိုင်နေခဲ့သည်။

သူ့ခေါင်းပေါ်မှာ အဖြူရောင် ဆံပင်တွေက ဆွဲဆောင်နိုင်ပြီး အပြာရောင် မျက်လုံးတွေက နေရောင်အောက်တွင် တောက်ပနေသည်။ ဖေးချန်းချီ ကအဝေးကို လှည့်ကြည့်လိုက်သည်။

“ချန်းချီ!”

အဝေးမှ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။ သူမပိန်ပါးသည့် ခန္ဓာကိုယ်က ကောင်ငယ်လေးဆီကို လျှောက်လာရင်း တောက်ပစွာ ပြုံးနေခဲ့သည်။

ချန်းလီဟွေ့ ကရိုးရိုးဝတ်ရုံကိုသာ ဝတ်ဆင်ထားခဲ့သည်။ သူမကလည်း ပိန်ပါးနေပေမဲ့ သူမအလှကိုတော့ မှေးမှိန်သွားခြင်း မရှိပေ။ သူမရဲ့ အဖြူရောင် ဆံပင်တွေကို ဆံထိုးတစ်ချောင်းတည်းနဲ့ ထိုးထားခဲ့သည်။

ဖေးချန်းချီ နဲ့မတူတာက ချန်းလီဟွေ့ ရဲ့မျက်လုံးတွေက အညိုရောင် ဖြစ်သည်။ သူမနှုတ်ခမ်းတွေက ဖောင်းဖောင်းလေးနဲ့ ပန်းရောင်သန်းနေကာ မက်မွန်သီးလို မျက်လုံးတွေနဲ့ ကျက်သရေရှိသည့် မျက်ခုံးတွေ ရှိသည်။

သူမပါးတွေက အနည်းငယ် ချိုင့်ဝင်နေပေမဲ့ သူမအလှကို လျော့နည်းသွားခြင်း မရှိသလို သူမလျှောက်လာသည့် ခြေလှမ်းတိုင်းကလည်း ကျက်သရေရှိနေသည်။ ဖေးချန်းချီ ကပြုံးလိုက်ပြီး သူ့ပါးမို့လေးတွေက မြင့်တက်သွားခဲ့သည်။

“အမေ”

မတ်တပ်ရပ်လိုက်ပြီး သူ့ခြေထောက်တိုလေးတွေနဲ့ ချန်းလီဟွေ့ ဆီပြေးသွားလိုက်သည်။ ချန်းလီဟွေ့ ရဲ့အပြုံးက ပိုတောက်ပသွားပြီး ဖေးချန်းချီ ဝင်လာနိုင်အောင် သူမလက်တွေကို ဖွင့်ပေးလိုက်သည်။

“အမေ့သားလေးက ဒီနေ့ကော ဘယ်လိုလဲ?”

“အရင်အတိုင်းပါပဲ၊ အမေ။ သခင်မကြီးဖေးက အမေ့ကို... အမေ့ကို ထပ်ခေါ်တာလား?”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now