33...

1.1K 138 0
                                    

Unicode

လှပသည့် အမျိုးသမီးက အနီရောင်ကို ဝတ်ဆင်ထားပြီး သူမခန္ဓာကိုယ်က ကောက်ကြောင်းတွေကို ပေါ်လွင်စေသည်။ အမျိုးသမီးက တကယ့်ကို အလှလေးဖြစ်သည်။ အနီရောင် နှုတ်ခမ်းဖူးနဲ့ စူးရှသည့် မျက်လုံးတွေ၊ ညအမှောင်လို မဲနက်သည့် ဆံပင်တွေရှိသည်။ သူမမျက်လုံးက အညိုရောင်ဖြစ်ပြီး မော့ကြည့်လိုက်ချိန်တွင် တောက်ပနေသည်။ သူမအသားအရည်က ဖြူဖွေးနေတာမျိုး မဟုတ်ပေမဲ့ အနီရောင် နှုတ်ခမ်းတွေကြောင့် ပိုဖြူဖွေးပုံ ပေါ်စေသည်။ သူမဘေးတွင် ကျာပွတ်ကို ချိတ်ဆွဲထားပြီး သူမလက်သီးကို ဆုပ်လိုက်သည်။

“ဂိုဏ်းခေါင်းဆောင်၊ ဟုန်မိုင်ဝမ် ရောက်လာပါပြီ” ဟုန်မိုင်ဝမ် ကနှုတ်ဆက်လိုက်ပြီး တံခါးအပြင်ဘက်တွင် ရပ်နေကာ အထဲဝင်ခွင့်ပြုမှာကို စောင့်နေခဲ့သည်။

အတွင်းမှ နက်ရှိုင်းသည့် အသံက ထွက်လာခဲ့သည်။ “ဝင်လာခဲ့”

ဟုန်မိုင်ဝမ် ကတွန့်ဆုတ်ခြင်း မရှိပဲ တံခါးကိုဖွင့်လိုက်ကာ လျှောက်ဝင်လိုက်ရင်း ညင်သာစွာ ပြန်ပိတ်လိုက်သည်။ ပေါ့ပါးသည့် ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေကာ ရှေ့ကိုသာ ကြည့်နေခဲ့သည်။ ထိုနေရာတွင် ကြီးမားသည့် ထိုင်ခုံက ပြင်ဆင်ထားပြီး စားပွဲတစ်ခုနဲ့အတူ ပလ္လင်က ရှိနေသည်။

ထိုလူက အမြဲတမ်း အေးစက်နေပြီး အရင်အတိုင်းပင် ညှို့ဓာတ်ပြင်းကာ နတ်ဆိုးဆန်နေသည်။ သူ့ဆံပင်ထက်တွင် သရဖူဖြင့် ထိုလူရဲ့ လက်ချောင်းရှည်ကြားတါင် ဝိုင်ခွက်က ရှိနေသည်။ သူ့အနီရောင် မျက်လုံးတွေက တောက်ပနေပြီး နက်ရှိုင်းကာ မတွေးတက်လောက်အောင် နက်ရှိုင်းလွန်းသည်။ မြင့်မားသည့် ပါးရိုးနဲ့ ဓားသွားပုံစံ မျက်ခုံးတွေနဲ့အတူ ထိုလူက ခန့်ညားမှန်း အလွယ်တကူ ပြောနိုင်သည်။ သို့သော် ကြောက်စရာလည်း ကောင်းပြီး သူ့ဘေးပတ်လည်က လေထုက ပြင်းထန်နေသည်။

ဟုန်မိုင်ဝမ် ကသူ့ရှေ့တွင် ရပ်လိုက်သည်။ “သခင်၊ သခင်ပြောသလို တောင်ကြားပတ်လည်ကို ကျွန်မ လိုက်ကြည့်ခဲ့ပါတယ်။ မသေမျိုးဇူး ကအခုတော့ နိုးလာပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေပါတယ်။ မသေမျိုးဖေး လည်းအဆင်ပြေပြီး မသေမျိုးဇူး နဲ့ဆက်ဆံရေးက ကောင်းမွန်ပုံရပါတယ်။ အဲ့အချိန်မှာ ဆူကျုံအရှင်သခင် ကတော့ ဖေးရှန့် နဲ့အတူ ရှိနေပါတယ်။ မသေမျိုးဖေး ရဲ့သေဆုံးခြင်း နောက်ကွယ်ကအကြောင်းကို မသိရပေမဲ့ သခင်ဝေ့ ကအတိတ်ကတည်းက ကူညီနေပုံပေါ်ပါတယ်”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now