30...

1.4K 146 3
                                    

Unicode

ဖေးချန်းချီ ကဒီခန္ဓာကိုယ်က ထပ်ပြီးပေါ်လာခဲ့တာကို ခံစားနိုင်သည်။ ဂူရှေ့ဝတွင် မတ်တပ်ရပ်လိုက်ရင်း သူ့လက်ချောင်းမှ လက်စွပ်အား ပွတ်လိုက်သည်။ အသက်ရှူသွင်းလိုက်ပြီး စုလျန်ဟေး ကသူ့ကို ပြောခဲ့သည့် စကားတွေအား မေ့ပစ်လိုက်ဖို့ ကြိုးစားလိုက်သည်။ ဘဝပေါင်းများစွာက ပိုပြီးရှုပ်ထွေးလာခဲ့သည်။ ဒီအချိန်မှာ သူက ဇူးလုံဝမ် အားပေးချေဖို့ အကြွေးတင်နေခဲ့သည်။

သူကောင်းကောင်းသိသည့် လူရဲ့တည်ရှိမှုကို သူခံစားနိုင်သည်။ ဒီလူက အမြဲတမ်း သူ့ကို အပြစ်တင်နေမှာ ဖြစ်နိုင်သည်။

ဖေးချန်းချီ ကသူ့လက်ချောင်းတွေကို ရုတ်လိုက်ပြီး အပြာရောင် မျက်လုံးတွေကို ဖွင့်လိုက်ရင်း လှည့်ပတ်ကြည့်လိုက်သည်။ တူညီသည့် ကျောက်တုံးတွေက ဂူအား တောက်ပစေသည်။ ရှေ့ကို လျှောက်သွားပြီး ဖေးချန်းချီ ကမျက်လုံးအား ဖွင့်ထားကာ လှည့်ပတ်ကြည့်နေခဲ့သည်။

“မင်းရောက်ပြီ” ဇူးလုရွှီ က ဖေးချန်းချီ ကိုလှည့်ကြည့်လာခဲ့သည်။ သူ့ခရမ်းရောင် မျက်လုံးတွေက မှုန်မှိုင်းနေပြီး အေးစက်သည့် အလွှာပါးက ရှိနေသည်။ သူက ခေါင်းတလားမှ အဝေးကို လျှောက်လိုက်ပြီး ဖေးချန်းချီ ကအနားကို လျှောက်နေတာကို ကြည့်နေခဲ့သည်။

“အင်း၊ ကျွန်တော် ပြန်လာပြီ” ဖေးချန်းချီ ကဖုန်းကွယ်ခြင်း မရှိပဲ ပြန်ဖြေလိုက်ရင်း စကားပြောကာ အနားကို ပိုတိုးသွားခဲ့သည်။

ဇူးလုရွှီ ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး သူ့ဘေးဘက်တွင် လက်တွေက ဆုပ်နေခဲ့သည်။ “ဒါဆို မင်းအတွက် သူလုပ်ပေးခဲ့တဲ့ အရာအားလုံးကို မင်းသိနေပြီပေါ့”

“အခုတော့ ကျွန်တော် အားလုံးကို သိသွားပြီ၊ မသေမျိုး” ဖေးချန်းချီ ရဲ့အသံက ဇူးလုရွှီ လောက်အေးစက်နေသည်။ သူ့အပြာရောင် မျက်လုံးတွေက အေးစက်နေကာ အသွင်အပြင်ကလည်း အေးစက်နေသည်။ ခေါင်းတလားထဲတွင် အေးချမ်းစွာဖြင့် လှဲလျောင်းနေသည့်လူအား ငုံ့ကြည့်လိုက်သည်။

သူက အရင်အတိုင်း အမြဲတမ်း လှပနေဆဲပင်။ ဇူးလုံဝမ် ရဲ့အသားအရည်က ဖြူဖွေးဆဲပင်။ သူ့နှုတ်ခမ်းပါးက ပန်းရောင်ဖျော့ ရှိပြီး သူ့မျက်နှာတွင် ရှိနေသည့် အမာရွတ်က ဖေးချန်းချီ ရဲ့နှလုံးသားအား နာကျင်စေသည်။ ခေါင်းတလား ပတ်လည်မှ ချီတွေက အခုချိန်တွင် မရှိတော့တာကို သူအလွယ်တကူ သတိပြုမိသွားခဲ့သည်။ အချိန်ကုန်သွားခဲ့သည်။ ပုတီးလုံးကို သိုလှောင်လက်စွပ်ထဲမှ ရှာဖွေကာ ထုတ်ယူလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now